ယနေ့ ၃ - ၄ - ၂၀၁၆ ရက်နေ့ မနက် ၀၉း၀၀ နာရီတွင် လစဉ်တွေ့ဆုံနေကျဖြစ်သည့် ဓာတုဇယဓာတ်ပေါင်းစုစေတီဝန်း အတွင်းရှိ မဟာမုနိစောင်းတန်းတွင် တွေ့ဆုံခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယောလူငယ် အဖွဲ့ဝင် (၁၄)အပြင် အဖွဲ့ဝင်အသစ်များဖြစ်ကြသော
ဒေါ်ခိုင်ငြိမ်းအေး(ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံး)၊
ဒေါ်ထွေးပြည့်(ကျန်းမာရေး)၊
ဒေါ်ဆုလဲ့အောင်(company)၊
ဒေါ်နှင်းနှင်းမူ(ပညာရေး၊ မူ/အုပ်)၊
ဒေါ်ခင်သူမိုး(ကျန်းမာရေး)၊
ဒေါ်စန်းယုထွေး(အား/ကာ)၊
ဦးကျော်ဇင်ဖြိုး(အား/ကာ)တို့ အပါအဝင်
ဂန့်ဂေါအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်နှင့်
ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တို့ပါ တက်ရောက်ခဲ့ကြပါသည်။
အဖွဲ့ဝင်သစ်များအား ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ယောလူငယ်အဖွဲ့အနေဖြင့် စွမ်းသမျှကို ဆောင်ရွက်နေကြပါကြောင်း၊ လက်ရှိတွင်လည်း စွမ်းသမျှ ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ တစ်ယောက်တစ်လက်အား ဖြင့် ယောဒေသအကျိုးကို ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် ယောလူငယ်အဖွဲ့သည် နေရာဒေသ အခြေအနေအရသာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် စသည်ဖြင့် ကွဲပြားနေပါသော်လည်း တစ်ဖွဲ့တည်းသာဖြစ်ပါကြောင်း တို့ကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။
ယောလူငယ်(နေပြည်တော်)ဥက္ကဌမှလည်း ယောသူ/ယောသားများအနေဖြင့် ယောဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပြီး Fund တောင့်တင်းရန်အတွက်လည်း လိုအပ်နေပါကြောင်း၊ မိမိတို့နှင့် နီးစပ်သူ/ဆက်စပ်သူ ပြည့်စုံသူများကိုလည်း တိုက်တွန်းနှိုးဆော်စေလို ပါကြောင်း၊ ဒေသအကျိုးကို ဒေသခံများ/ စီမံခန့်ခွဲနိုင်သူများ/လမ်းညွှန်ပေးနိုင် သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အမတ်များ အနေဖြင့်လည်း အကြံဥာဏ်များ ပေးကြစေလို ပါကြောင်း၊ တွေ့ဆုံကြသည့်အချိန်တွင်လည်း လွှတ်တော်အမတ်များနှင့် ယောလူငယ်အဖွဲ့တို့ စည်းလုံးစွာဖြင့် ဒေသအကျိုးကို ဆောင်ရွက်ကြလျှင် ပိုမိုအဆင်ပြေမည်ဖြစ်ပါကြောင်း၊ နောက်တစ်ကြိမ်တွင် ယောဒေသကိုယ်စားပြု လွှတ်တော်အမတ်များအားလုံး လာရောက်နိုင်အောင် ကြိုးစားမည်ဖြစ်ပါကြောင်း အားပေးစကားများ/ အကြံဥာဏ်များ ပြောကြားပေးပါသော ဦးပြူးလွင်နှင့် မယဉ်မင်းလှိုင်တို့အားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောဆို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ယောအပြန်ပါလာသည့် မြေပဲပြုတ်များ အားရပါးရ စားသောက်ကြပြီး လစဉ်ကြေး ကောက်ခံခြင်း၊
အသင်းဝင်အသစ်များအား မိတ်ဆက်ပေးခြင်း၊ ယောလူငယ်အဖွဲ့ အတွင်းရေးမှုးဖြစ်သူ ဦးအောင်ကျော်ဇံ၏ ဒါနပြုသည့် အအေးဗူးများ သုံးဆောင်ကြကာ နောက်တစ်ကြိမ် တွေ့ဆုံပွဲအတွက် ဖိတ်ကြားရမည့် ဧည့်သည်များ အသင်းဝင်ရန် စည်းရုံးရမည့် နေပြည်တော်ရှိ ယောသူ ယောသားများစာရင်းကို မှတ်သားခဲ့ကြပြီး နောက်လများမှာလည်း ထပ်မံတွေ့ဆုံကြရန်နှင့် ယနေ့ ပါဝင်လာသော အဖွဲ့ဝင် အသစ်များကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် ရေတာရှည်မှ မပျက်မကွက်လာရောက်ပေးပါသော တပ်မတော်သား ယောသားလေးအားလည်း ဂုဏ်ပြုကြိုဆိုပါကြောင်းပြောကြားကာ တွေ့ဆုံပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ယောလူငယ်ပြန်ကြားရေးအဖွဲ
No comments:
Post a Comment