လာကြဟေ…!
ယောမြေတခွင်
ဟင်းခွတ်ပင်တွေ
ဝေဆာဖူးပွင့်
ကြွေလွင့်နေတာ
သွားကောက်ပါစို့။
အပွင့်ရနံ့
ပျံ့ပျံ့မွှေးမွှေး
ဖွဖွလေးကောက်
သွေ့ခြောက်အောင်လှန်း
ဖျာကြမ်းပေါ်မှာ
တမိုးစာလေ။
ပွင့်ခြောက်ကိုပြုတ်
နတ်သုဒ္ဓါလို
ချိုချိုခါးခါး
အိမ်စား ဧည့်ခံ
မြေပဲဆံထည့်
ယောရဲ့အစာ
ယောရွာမရှား
တခါများလောက်
တခေါက်တခါ
မြည်းကြည့်ပါ့လား။
ဟင်းခွတ်ပွင့်သုတ်
တလုပ်အစား
လျှာလည်သွားကာ
ယောရွာ ယောစာ
ဘယ်ခါမမေ့
တမြေ့မြေ့လွမ်း
နေနိုင်စွမ်းက
တခေါက်တခါ
မြည်းလှည့်စမ်းပါကွဲ့။ ။
Photo= Credit to Uploader
ယောသိင်္ခ
No comments:
Post a Comment