Menu

Wednesday, April 27, 2016

"တောင်သားရိုးရာ ညီလာခံ"အား လေးစားလှိုက်လှဲစွာ ကြိုဆိုပါ၏



သည်ရက်ပိုင်း အစိုးရသစ်လက်ထက်မှာ သင်္ကြန်မဏ္ဍပ်တွေ
ကန့်သတ်ခွင့်ပြုလိုက်သည့်ကိစ္စက ပွက်လောရိုက်နေသည်။
ထောက်ခံသူရှိသလို ကန့်ကွက်သူလည်းရှိနေသည်။
ဤအဖြစ်အပျက်ကို ကျနော်ကတော့ သည်လိုသုံးသပ်မိပါသည်။
နိုင်ငံတကာမှာလည်း လူမျိုးဓလေ့ ဒေသရိုးရာပွဲတော်တွေ
ကျင်းပပြုလုပ်ကြတာတွေ တွေ့ရှိလေ့လာဖူးပါသည်။ ကျန်သည့်
အချိန်မှာမည်သို့ဝတ်ဆင်ပြုမူနေထိုင်ကြသည်ကို စေ့စေ့ငင မ
သိသော်လည်း ရိုးရာပွဲတော်တွေမှာတော့ ရိုးရာဝတ်စုံ ရိုးရာဓ
လေ့များနဲ့သာ ခုံခုံမင်မင်ကျင်းပကြတာမျိုး ဖြစ်သည်။
မြန်မာနှစ်ကူးသင်္ကြန်မှာ မြန်မာ့ဝတ်စုံ မြန်မာ့ဓလေ့ကို
ဧည့်ခံမဏ္ဍပ်အချို့မှာသာတွေ့ရတော့သည်။ရေပက်ခံမဏ္ဍပ်များ
မှာ မြန်မာ့တီးလုံးသံဆို၍ တူးပို့သံပင် ပျောက်ချင်ချင်ဖြစ်နေပြီ။
ကိုယ်ခံအားနည်းသောလူနာတစ်ယောက်မှာ မဝင်နိုင်သောရောဂါမရှိသကဲ့သို့ မိမိရိုးရာအစဉ်အလာကို ထိန်းသိမ်းနိုင်စွမ်း ပါးလျားလာသောအခါ တိုင်းတပါးယဉ်ကျေးမှုက စိမ့်ဝင်လွှမ်းမိုး
မှုကို ခံရမြဲဖြစ်သည်လေ။
ကဲ ! …
ကျနော်တို့ ယောဒေသ ကရော။
မည်သည့်အရာတွေက စိမ့်ဝင်လွှမ်းမိုးမှုကြောင့် တန်ဖိုးထားအပ်
သော ယောလူမျိုးတို့၏ စံနှုန်း စံထားတွေပါးလျား ယုတ်လျော့
ကုန်ပါသနည်း။
လွန်ခဲ့သောကာလများက သတိမမူ၍ ဂူမမြင်ခဲ့ကြသော် လည်းယခုပစ္စက္ခ မြူမျှမြင်နိုင်သော သတိဖြင့် မျက်စိကိုဖွင့်
နားကိုစွင့်၍ အသင့်ပြင်ဖို့ အချိန်တန်ရုံမျှမက အချိန်လွန်နေခဲ့
ပါပြီ။
ယခုအခါ " တောင်သားရိုးရာညီလာခံ"ကို သိုက်သိုက်ဝန်း ဝန်းဆင်နွှဲဖို့ စိုင်းပြင်းနေကြပါပြီ။
ပျောက်ဆုံးပါးလျားခဲ့သော ယောစံနှုန်း စံထားတို့ကို ပြန်လည်
ဖော်ထုတ်မြှင့်တင်နိုင်မည့်ပွဲလည်း ဖြစ်သည်။
တနည်းအားဖြင့် ယောဒေသ၏ ကိုယ်ခံအားစနစ်ကို ပြန်လည်
မြင့်တက်စေမည် ဟု ယုံကြည်မိပါသည်။
ယောဒေသရှိ အင်အားစုများခင်ဗျား။
ကျနော်တို့ပေါင်းစည်းအားဖြင့် ယောစံနှုန်းကို မြှင့်တင်ကြပါစို့
ဗျာနော။ ။
ချစ်ခင်စွာဖြင့်
ပြန်ကြားရေး
ယောလူငယ်အဖွဲ့
Online

No comments:

Post a Comment