(၁၈. ၁. ၂၀၁၆)
ဒီကနေ့ ကျောက်ထု ယောလူငယ်အဖွဲ့မှ ဓမ္မစကူးလ် အစည်းအဝေးအတွက် ပန်းဆန် ကျေးရွာကို ရောက်ရှိနေတဲ့ သံဃာအစည်းအဝေးမှာ စာပေဟောပြောပွဲကျင်းပရန်အတွက် သွားရောက် အသိပေးလျှောက်ထား ပန်ကြားဖြစ်ကြပါတယ်။
ယောလူငယ်အဖွဲ့ ဗဟိုမှ စီစဉ်ကျင်းပမယ့် ယောဒေသ စာပေဟောပြောပွဲခရီးစဉ်
ကဏ္ဍအစိတ်အပိုင်းမှာ ကျောက်ထုဒေသမှာလည်း တစ်ပါတည်း ဟောပြောပွဲ
ကျင်းပနိုင်ဖို့ စီစဉ်နေကြပါတယ်။ဒါကြောင့် အစီစဉ်အထမြောက်နိုင်ဖို့ရာ
ကျောက်ထုဒေသတွင်း အသိုင်းဝိုင်းအနေဖြင့်လည်း အဖက်ဖက်မှ ၀ိုင်းဝန်း
ပံ့ပိုးပေးနိုင်ဖို့ နိုးဆော်အပ်ပါတယ်။
ယမန်နေ့ကလည်း ကျောက်ထုမြို့ ရန်ကင်းတောင် စေတီတော်မှာ အစည်းအဝေးတက်ရောက်နိုင်သူ အချို့နဲ့အတူ ဂန့်ဂေါယောလူငယ်အဖွဲ့ ဥက္ကဌ မီးဘေးသင့် ကိစ္စအတွက် တတ်အားသမျှ ထောက်ပံ့နိုင်ဖို့နှင့်၊ လစဉ်ကြေးငွေ စုစည်းခြင်း၊ ရင်ထိုးတံဆိပ် မျှဝေခြင်း၊ရှေ့လုပ်ငန်းစဉ်အတွက် ဒေသခံများ နားလည် သဘောပေါက်အောင် ကြိုးစား စုစည်းနိုင်ဖို့အရေး တွေအား ဆွေးနွေး တိုင်ပင်ဖြစ်ကြပါတယ်။ထို့အပြင် ကျောက်ထု ယောလူငယ်အဖွဲ့ ယာယီရုံးခန်းကို တစ်ပါတည်း သတ်မှတ်နိုင်ခဲ့ပါတယ်။
ယောလူငယ်အဖွဲ့ ကျောက်ထုဟာ သက်တမ်းအားဖြင့် ၅လမျှသာ ရှိသေးပြီး ရှိသမျှ အင်အားနှင့် ဒေသအကျိုးပြု လုပ်ငန်းများကို တတ်စွမ်းသမျှ အအဝေးရောက် ယောလူငယ်အဖွဲ့ အသီးသီးနှင့်အတူပေးဆပ်လှုပ်ရှား နေကြတာဖြစ်ပါတယ်။ ဒေသတွင်းအကျိုးပြု လုပ်ငန်းများကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ရာ ဒေသတွင်းက အင်အားစုများ ညီညွတ်မှသာ အထမြောက်မှာမို့ သံသယတွေ ရှင်းလင်းပြီး မမေ့မလျော့ မပေါ့မဆ ပူးပေါင်းဆောင်ရွက်ကြဖို့ နာယက ဆရာတော်ကြီးများမှ မိန်းကြားခဲ့ပါတယ်။
အနီးကပ်ဆုံး သင်းလုံးကျွတ်အစည်းအဝေး သတ်မှတ်ရက်ကို မကြာမှီ ပြန်လည် ထုတ်ပြန်ပါမည် ရှင်။
ယောလူငယ် ပြန်ကြားရေးအဖွဲ့

No comments:
Post a Comment