Menu

Sunday, April 17, 2016

မင်္ဂလာပါ

မင်္ဂလာနှစ်သစ်ပါ
ချစ်စွာသော မိတ်ဆွေများ
စီးပွါး လာဘ
တိုးတက်ကြပါစေ။
အပြစ်ကင်းသော
ချစ်ခြင်းသဘောတွေ
မျှဝေနိုင်ကြပါစေ။
ဂိုဏ်းစွဲကင်းစွာ
အရာရာကို
ညီညာမျှတ
စည်းလုံးကြပါစေ။
အဖြစ်ထက် အပျက်များသော
စစ်မက်များလည်း
အပိုင်းအခြားမရှိ
ပကတိ ငြိမ်းအေးနိုင်ကြပါစေ။
အပြစ်မဲ့စွာ
ချုပ်နှောင်ကာနှင်း
အကျဉ်းချခံရခြင်းတွေ
မြန်ပြေ (ပြည်)တလျှောက်
ကင်းပျောက်ကြပါစေ။
အောက်ကျို့နှိမ့်ချ
မော်ဖူးရခြင်းတွေ
ကင်းဝေးပ,ပျောက်ကြပါစေ။
ဖွေးဖြူလက်လက်
ချိုးဖြူငှက်တို့သည်
လွတ်လပ်ကောင်းကင်မှာ
အစဉ်သဖြင့်
ကြွားဝင့်အားမာန်ဖြင့်
ပျံသန်းမြူးထူးနိုင်ကြပါစေ။
စက္ခုအာရုံသည်
ထုံမွှမ်းချစ်ခြင်းဖြင့်
လန်းစွင့်ဝေဖြာကြပါစေ။
သောတ အာရုံသည်
သီဖွဲ့ညင်သာ
တေးကဗျာဖြင့်
ဝေးကွာဘယ
အေးမြကြည်သာကြပါစေ။
မြန်ပြည်၏ရောင်နီသည်
တည်တည်ခန့်ခန့်
ပျံ့ပျံ့မွှေးမွှေး
ငြိမ်းအေးငြင်သာစွာ
ဖူးပွင့် ဝေဖြာပါစေ။
ဤမေတ္တာစကား
အမှန်တရားဖြစ်ပါမူ
စင်ဖြူမနော
ချစ်သောယောမြေသည်
တည်သန့် ကြည်ခန့်
ပျံ့မွှေးသောဂုဏ်
လွှမ်းခြုံဖွံ့ဖြိုး
တိုးတက်ဝေဖြာ
ငြိမ်းအေးသာယာ
ယောရပ်ရွာအဖြစ်
ဂုဏ်တင့်ဝေဖြာ
မြင်ခွင့်ရ ရလိုပါ၏ ။ ။
                                    ချစ်ခင်စွာဖြင့်ယောသိင်္ခ

No comments:

Post a Comment