•ခုချိန်ခါဆို
ချစ်စွာသောယောမြေမှာ
နွေဦးအစ
လေရူးထလောက်ချေပြီ။
•ရိုးပြတ်တောတခို
ကန်သင်းထိုထိုတစ်လျှောက်
ကွေ့ကောက်ဝှေ့ယမ်း
ခင်တန်းအလျှိုလျို
တောင်ကြို တောကြားမှာ
ဟိုလာသည်ကူးနှင့်
လေပွေရူးတို့ မြူးချင်တိုင်း မြူးရော့မည်။
• ပင်လက်ပန်ပွင့်နီနီတို့
လှသွေးမာန်ချီခါ
ပတ္တမြားကောဇော
တပြန့်တပြောခင်းထားသလိုလို
ဆက်ရက် သံချိုချိုနှင့်
အပင်အိုအိုထက်မှာ
ပျိုသွေးကြွကြွ
လှချင်တိုင်းလှရော့မည်လေ။
•တော၏မီးလျံဟု
ကဗျာပြုသူတို့တင်စားတတ်သည့်
ပေါက်ပန်းပွင့်ဝါဝါထိန်ထိန်က
သက်ငြိမ်ပန်းချီကားအလား
တောတလွှား တောင်တရိုးမှာ
အလှမျိုးကြွယ်ကြွယ်ဖြင့် ဝင့်ထည်နေပေရော့မည်။
•ယောဇီးသီး ချိုချိုချဉ်ချဉ်တို့
တချို့ကြွေကျ
တချို့မြေခ နေကြသလို
တချို့ပင်ပျို
တချို့ပင်အိုထက်မှာ
တွဲရရွဲအသီးတွေနဲ့
အလှကြီးလှနေကြရော့မည်။
•သရက်သီးကင်းတွေက
လေလေးခပ်ဖွဖွ
ခ ယုံမျှနှင့်ပင်
တသွင်သွင်ကြွေကျကာ
{နင်ကပဲ ချွေချနိုင်မလား
ငါကပဲ ဝေပြနိုင်မလား }ဟု
အနိစ္စသဘောကို
စောကြောပြနေပေလောက်ပြီ။
သြော်…
နွေလည်းနွေမို့
မိုးညို့ညိုချိန်ခါ
ဆောင်းရာသီပါမကျန်
အလွမ်းဓာတ်ခံဖြင့်
လွမ်းတတ်နေပြန်သူကို
ဥပါဒါန်ထူပြောသူ ဟု
ပြောလိုက ပြောကြပါစေတော့လေ။
ချစ်စွာသောယောမြေမှာ
နွေဦးအစ
လေရူးထလောက်ချေပြီ။
•ရိုးပြတ်တောတခို
ကန်သင်းထိုထိုတစ်လျှောက်
ကွေ့ကောက်ဝှေ့ယမ်း
ခင်တန်းအလျှိုလျို
တောင်ကြို တောကြားမှာ
ဟိုလာသည်ကူးနှင့်
လေပွေရူးတို့ မြူးချင်တိုင်း မြူးရော့မည်။
• ပင်လက်ပန်ပွင့်နီနီတို့
လှသွေးမာန်ချီခါ
ပတ္တမြားကောဇော
တပြန့်တပြောခင်းထားသလိုလို
ဆက်ရက် သံချိုချိုနှင့်
အပင်အိုအိုထက်မှာ
ပျိုသွေးကြွကြွ
လှချင်တိုင်းလှရော့မည်လေ။
•တော၏မီးလျံဟု
ကဗျာပြုသူတို့တင်စားတတ်သည့်
ပေါက်ပန်းပွင့်ဝါဝါထိန်ထိန်က
သက်ငြိမ်ပန်းချီကားအလား
တောတလွှား တောင်တရိုးမှာ
အလှမျိုးကြွယ်ကြွယ်ဖြင့် ဝင့်ထည်နေပေရော့မည်။
•ယောဇီးသီး ချိုချိုချဉ်ချဉ်တို့
တချို့ကြွေကျ
တချို့မြေခ နေကြသလို
တချို့ပင်ပျို
တချို့ပင်အိုထက်မှာ
တွဲရရွဲအသီးတွေနဲ့
အလှကြီးလှနေကြရော့မည်။
•သရက်သီးကင်းတွေက
လေလေးခပ်ဖွဖွ
ခ ယုံမျှနှင့်ပင်
တသွင်သွင်ကြွေကျကာ
{နင်ကပဲ ချွေချနိုင်မလား
ငါကပဲ ဝေပြနိုင်မလား }ဟု
အနိစ္စသဘောကို
စောကြောပြနေပေလောက်ပြီ။
သြော်…
နွေလည်းနွေမို့
မိုးညို့ညိုချိန်ခါ
ဆောင်းရာသီပါမကျန်
အလွမ်းဓာတ်ခံဖြင့်
လွမ်းတတ်နေပြန်သူကို
ဥပါဒါန်ထူပြောသူ ဟု
ပြောလိုက ပြောကြပါစေတော့လေ။
No comments:
Post a Comment