Menu

Sunday, April 17, 2016

ပိတောက်ကြောက်သူ

နွေအလယ်က
ဧပရယ်လကို
နှစ်စဉ်လိုလို ရောက်လာရင်
ကျနော် ကြောက်စိတ်ဝင်ပါတယ်။
ပိတောက်ပွင့်တွေ
နင့်သီးအောင် ဝေနေတဲ့
ပိတောက်ပင်တွေရဲ့အောက်မှာ
တစ်ကိုယ်ထဲလျှောက်ရတာ
ကျနော် စိုးကြောက်ပါတယ်။
တူးပို့သံကြားရင်
လွမ်းစိတ်တွေဝင်ဝင်လာပြီး
မျက်ဝန်းတစ်ခွင်
မျက်ရည်တွေစို့ချင်လာပါတယ်။
ရေစိုရွှဲရွှဲမှာ
အလွမ်းတွေက သည်းသည်းပို
အတာရေစိုစိုကို မုန်းပါတယ်။
ရှာပုံတော်မင်းသားကြီး
ခါးသီးတဲ့အသံကြားရင်
နားကိုအလိုလိုပိတ်
ဆွေးစိတ်တွေတဖွါးဖွါးနဲ့
အဲဒီ့တေးသွားကို မုန်းပါတယ်။
ဖြစ်နိုင်ရင်လေ
တကိုယ်ရည်စာဖြေဆေး
ကမ္ဘာမြေပြက္ခဒိန်လေးမှာ
သင်္ကြန်ဆိုတဲ့အရာကို
ပယ်ခွါဖြတ်ထုတ်
ဖြုတ်ပစ်လိုက်ချင်ပါရဲ့။ ။

                                   ယောသိင်္ခ

No comments:

Post a Comment