ရှေ့ သို့ ဆက်လှမ်းပါအမောင်ယောလူငယ်
အုပ်မှိုင်းစိမ်းလန်း
တောင်ပြာတန်းနှင့်
မတန်းလိမ်ဖယ်
လမ်းအသွယ်ကြောင့်
မသွင်ခရီး
နှောင်ကာနှေးလို့ 
မောပန်းနေပေမယ့်……
ပြည်ကျိုးအတွက်ပေမို့ 
စိတ်မာန်ကိုတင်း
အားအင်ရင်း၍
ပြည်အားပြုကျိုး
စိတ်မွန်မျိုးနှင့်
တက်လူသိအောင်
သမိုင်းသစ်ထိုး
ရင်ဝယ်ပျိုးလို့ 
ဖူးညွှန့် ဝေအောင်
ပြည်ချစ်စိတ်ဖြင့် ရှေ့ သို့ ဆက်လှမ်းပါ
အမောင်ယောလူငယ်။
ကိုခန့် 
No comments:
Post a Comment