ယောလူငယ်အဖွဲ့ (Online) ၏ အခြေခံစည်းမျဉ်းနှင့်အညီ ယောနယ်ဒေသအတွက်အသိပညာ
ဖွံ့ ဖြိုးရေးအစီအစဉ်ကိုစီစဉ်လျှက်ရှိရာ
ယခုလက်ရှိ ယောမြေအနှံ့  စာပေဟောပြောပွဲခရီးစဉ်ဖြစ်မြောက်ရေးအတွက် စီစဉ်လျက်ရှိပါသည်။
လတ်တလော အနေအထားတွင်လည်း ယောလူငယ်အဖွဲ့ အနေဖြင့် ပြင်သာကျေးရွာသောက်သုံးရေကန်လှူဒါန်းခြင်း ကိစ္စ၊ ယောသမိုင်းအထောက်အထားများရှာဖွေ စုဆောင်းရေးကိစ္စများနှင့်ပတ်သက်၍ လုပ်ဆောင်လျက်ရှိရာ ဘဏ္ဍာရေး အခြေနေအရ စာပေဟောပြောပွဲများလုပ်ရာတွင်လိုအပ်ချက်အရှိဆုံးနှင့် ဖြစ်သင့်သည့်ဒေသများ ကိုတတ်စွမ်းသမျှထောက်ပံ့ရန် စီစဉ်လျက်ရှိပါသည်။
ယခုအခါတွင် အဆိုပြုထားသော ယောဒေသရှိကျေးရွာများမှာ-
၁။ တပြင်းကျေးရွာ
၂။ ကျောက်ထု
၃။ အလယ်ဘန်း
၎။ ရေမျက်နီ
၅။ ချောင်းနက်
၆။ပြင်သာ ကျေးရွာတို့ တွင်ကျင်းပရန် စီစဉ်လျှက်ရှိပါသည်။
ဟောပြောမည့် ဆရာများမှာ-
၁။ ဆရာနေ၀င်းမြင့်
၂။ ဆရာညိုထွန်းလူ နှင့်
၃။ ဆရာမ ဒေါ်ခင်ခင်ထူး
တို့ အားလျာထားပါသည်။
သို့ ဖြစ်ပါ၍ ယောနယ်မြေတွင် ရှိသော နယ်မြေခံများအနေဖြင့် စာပေဟောပြောပွဲများ ကျင်းပလိုပါက ယောလူငယ်
အဖွဲ့ ထံဆက်သွယ်ရန်၊ လိုအပ်သောအချက်အလက်များကိုပေး
ပို့ ပေးကြပါရန်နှင့် စာပေဟောပြောပွဲအတွက် လှူဒါန်းလိုပါက ယောလူငယ်အဖွဲ့ ထံသို့  လည်းကောင်း၊ သက်ဆိုင်ရာ စာပေဟောပြောပွဲကျင်းပမည့် ယောဒေသရှိကျေးရွာများမှ တာဝန်ခံများထံ
သို့ လည်းကောင်း တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။
*ဟောပြောမည့် စာရေးဆရာများမှ 2-3-2016 ရက်နေ့ နောက်ပိုင်းတွင်ယောလူငယ်
အဖွဲ့ စာပေဟောပြောပွဲ ခရီးစဉ်အတွက် အချိန်ပေးမည်ဟု ပြန်ကြားထားပါသည်။
လေးစားစွာဖြင့်
ယောလူငယ်ပြန်ကြားရေးအဖွဲ့ 
(ဖော်ပြထားသောပုံများမှာ ယမန်နှစ်က စာပေဟောပြောပွဲ ပုံရိပ်များ ဖြစ်ပါသည်။)

No comments:
Post a Comment