Menu

Sunday, April 17, 2016

ဆောမြို့ ယောလူငယ်အဖွဲ့ခွဲတစ်ခု အခြေကျ သက်ဝင်လာစေရန်

ယမန်နေ့‬(2. 2.2016)က ဆောမြို့မှာ အခြေပြုပြီး ယောလူငယ်အဖွဲ့ခွဲတစ်ခု အခြေကျ သက်ဝင်လာစေရန် အကြို ညှိနှိုင်း စည်းဝေးပွဲကို ဆောမြို့ ဇေယျာရပ်ကွက်မှာ ကျင်းပခဲ့#
ယမန်နေ့က ဆောမြို့မှာ အခြေပြုပြီး ယောလူငယ်အဖွဲ့ခွဲတစ်ခု အခြေကျ သက်ဝင်လာစေရန် အကြို ညှိနှိုင်း စည်းဝေးပွဲကို ဆောမြို့ ဇေယျာရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။
တက်ရောက်လာသူများအား ယောလူငယ်အဖွဲ့ကိုယ်စား ရန်ကုန်ဗဟိုအဖွဲ့မှ မပီတိချို ၊ကိုရင်ပွကြီးတို့မှ အဖွဲ့နဲ့ ပတ်သက်သော အကြောင်းအရာတို့ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။တို့နောက် တက်ရောက်လာကြသော ၊ဆောမြို့၊အကြည်ကတင်း၊ရင်းခေါ်၊မင်းလည် စတဲ့ ရွာများမှ လူငယ်များအား တစ်ဦးချင်းစီ မတ်တပ်ရပ် မိတ်ဆက်စေကြပါတယ် ။
ထို့နောက် အပြန်အလှန်ဆွေးနွေးကြပြီး နောက်တကြိမ် ထပ်မံတွေ့ဆုံပွဲရက်ကို ယခုလ ၁၃ ရက်နေ့သို့ ချိန်းဆိုခဲ့ပါတယ်။ နောက်တကြိမ် အစည်းအဝေးမှာယောလူငယ်အဖွဲ့၏ အစည်းဝေးတက် ၀တ်စုံဖြစ်တဲ့ အဖြူလက်ရှည်နဲ့ ယောပုဆိုးအနက်(ကျား)၊ အဖြူရင်ဖုံးနဲ့ ယောထမီအညို(မ)တို့ကို အတတ်နိုင်ဆုံး ၀တ်ဆင်လာခဲ့ကြဖို့ တိုက်တွန်းခဲ့ပြီး အစည်းအဝေးကို အဆုံးသတ်ခဲ့ကြပါတယ် ခင်ဗျာ။
ယောလူငယ် ပြန်ကြားရေး

No comments:

Post a Comment