Menu

Thursday, April 21, 2016

ဆောဒေသ ယောလူငယ်အဖွဲ့နှင့် မန်းလေးယောလူငယ်အဖွဲ့ လောင်းရှည်ကျေးရွာ ဓမ္မာရုံတွင် တွေ့ဆုံခဲ့


၎. ၄.၂၀၁၆
ယမန်နေ့က ဆောဒေသ ယောလူငယ်အဖွဲ့နှင့် မန်းလေးယောလူငယ်အဖွဲ့ ဥက္ကဌ ဦးဆောင်တဲ့ လေ့လာရေး အဖွဲ့တို့ဟာ လောင်းရှည်ကျေးရွာ ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြပါတယ်။
ထိုပွဲကို လောင်းရှည် တိုက်နယ် စခန်းမှူး၊တိုက်နယ် ဆရာဝန်၊ ဦးစောမင်းနိုင်( ဘော်ဒါ )နှင့် အုပ်ချုပ်ရေးမှူး တို့ အပြင် ဒေသခံ ပရဟိတ လူငယ်ကွန်ယက်များ စုစုပေါင်း လူဦးရေ ၃၅ယောက် တက်ရောက်ခဲ့ကြပါတယ် ။
ဒေသခံ အဖွဲ့ပေါင်းစုံ၏ လတ်တလောအခြေနေများအား တင်ပြဆွေးနွေးခြင်း၊ လုပ်ငန်းစဉ် လည်ပတ်မှု့အားကောင်းအောင် ၀ိုင်းဝန်း အကြံပြု ဆွေးနွေးကြခြင်း၊ မကြာမှီ ကျင်းပတော့မည့် တောင်သားလူမျိုးစု ရိုးရာဓလေ့ ထုတ်ဖော်ရေး အခန်းကဏ္ဍအား ယောလူငယ်အဖွဲ့အနေဖြင့် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေး တင်ပြ ခဲ့ကြပါတယ်။
လောင်းရှည်ကျေးရွာဟာ စေတီပေါင်း တစ်ရာကျော်ရှိပြီး ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံ အနောက်ဘက်တံခါးမ လုံခြုံရေးအတွက် အရေးပါဆုံး ခံတပ်မြို့ကြီးအဖြစ် ဖြစ်တည်ခဲ့တဲ့ အခြေနေမှာလဲ ရှိခဲ့ပါတယ်။ ယောနယ်အနေဖြင့် တောင်ဖက်အစွန်းဆုံးနားမှာ တည်ရှိနေတဲ့ ရွာကြီး ဖြစ်ပါတယ် ခင်ဗျာ။
ယောလူငယ် ပြန်ကြားရေးအဖွဲ

No comments:

Post a Comment