Menu

Sunday, April 17, 2016

ယောလူငယ် အင်အားစုများစုပေါင်းကြီးမှူး ကျင်းပသော ယောဒေသ စာပေဟောပြောပွဲခရီးစဉ် ပထမနေ့ အောင်မြင်စွာပြီးစီး

ယောလူငယ်အင်အားစုများစုပေါင်း ကြီးမှူး ကျင်းပသော ယောဒေသ စာပေဟောပြောပွဲခရီးစဉ် ပထမနေ့(၃-၃-၂၀၁၆)နေ့ တွင် တပြင်းရွာ အထက်တန်းကျောင်း ပတ္တမြားခန်းမ၌ နေ့ခင်း (၁၂ ) နာရီ အချိန်တွင် စတင်ကျင်းပရာ အခမ်းနားမှူးအဖြစ် မခင်မာစိုးမှ ဆောင်ရွက်ပြီး တွဲဖက်အခမ်းနားမှူးအဖြစ် မစုသန္တာထွန်းမှ ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနား ကို အစီအစဉ် (၈ ) ခု ဖြင့်ကျင်းပခဲ့ရာ နေ့လည် (၁၂) နာရီအချိန်တွင်
အစီအစဉ် (၁)အရ အခမ်းနားမှူးမှ အခမ်းအနား စတင်ဖွင့်လှစ်ကြောင်းကြေငြာခြင်း၊
အစီအစဉ် (၂)အရ အဖွင့်အမှာစကားပြောကြားခြင်း
အစီအစဉ် (၃) အရ စာရေးဆရာ ဆရာမ ခင်ခင်ထူး၏ အတ္ထုပတ္တိ အား မမေသူမြင့် မှဖတ်ကြားပြီး ဆရာမခင်ခင်ထူးမှ "အလင်းဆီသို့ "ခေါင်းစဉ် ဖြင့်လည်းကောင်း၊
အစီအစဉ် (၄) အရ စာရေးဆရာနေဝင်းမြင့်၏ အတ္ထုပတ္တိ အား မဝင်းမာစိုးမှဖတ်ကြားပြီး ဆရာနေဝင်းမြင့်မှ "မင်္ဂလာရှိစေချင်" ခေါင်းစဉ် ဖြင့်လည်းကောင်း
အစီအစဉ် ( ၅ )အရ စာရေးဆရာ ညိုထွန်းလူ၏ အတ္ထုပတ္တိ အား မဖြူသီထွန်းမှဖတ်ကြားပြီး ဆရာညိုထွန်းလူမှ "တောမီး" ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။
ထို့နောက် အစီအစဉ် ( ၆ )အရ ဆရာဆရာမများအား လက်ဆောင် ပစ္စည်းများပေးအပ်ခြင်း၊
အစီအစဉ် (၇ ) အရ စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့သူများအား
ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး
အစီအစဉ် (၈ ) အရ အခမ်းနားမှူးမှ အခမ်းနားပြီးဆုံးကြောင်း ကြေငြာပြီး
ညနေ ၅ နာရီ အချိန်တွင်ယောလူငယ် အင်အားစုများမှကြီးမှူး ကျင်းပသော ယောဒေသ စာပေဟောပြောပွဲခရီးစဉ် ပထမနေ့(တပြင်းရွာ)အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
ယောလူငယ် အင်အားစုများမှကြီးမှူး ကျင်းပသော ယောဒေသ စာပေဟောပြောပွဲခရီးစဉ် ဒုတိယနေ့(ကျောက်ထု) ကို မနက်ဖြန်(၄-၃-၂၀၁၆)နေ့တွင်
ကျောက်ထုမြို့ဘုန်းကြီးကျောင်း၌
ညနေ ( ၆ ) နာရီတွင် စတင်ကျင်းပမည်ဖြစ်ရာ စာပေချစ် ပရိသတ်များ ကြွရောက်ကြပါရန်လေးစားစွာ ဖိတ်ခေါ်ရင်း နယ်ခံအချင်းချင်းလည်း စာပေဟောပြောပွဲရှိကြောင်း သတင်းပေးပါကြဖို့  နှိုးဆော်အပ်ပါသည်။ ကျောက်ထုမြို့ တွင် စာပေဟောပြောပွဲအစီစဉ်အတွင်းတွင်ပင် ကျောက်ထုမြို့ သီးကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများကိုလည်း ယောလူငယ်အဖွဲ့ သားများစုပေါင်းရရှိထားသည့် အလှူငွေများကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။
                                                                             ယောလူငယ်ပြန်ကြားရေးအဖွဲ့ 


No comments:

Post a Comment