Menu

Sunday, April 17, 2016

ယောလူငယ် Online အဖွဲ့ မှ ဂါလံ ( ၅၀၀၀) ဆန့်ဝင် အုတ်ရေကန် နှင့်ရေတွင်း ရေစက်သွန်းချလှူဒါန်းပွဲ နှိုး ဆော်လွှာ


မကွေးတိုင်းဒေသ ကြီး
ဂန့်ဂေါ ခရိုင် ၊ ဂန့်ဂေါ မြို့ နယ် တွင်
ရေဘေးကြောင့် ပြောင်းရွှေ့  ရွာတစ်ရွာ
ဖြစ်သော ပြင်သာကျေးရွာ ပြန်လည် ထူထောင် ရေးတွင် Online ယောလူငယ် အဖွဲ့ မှ ဂါလံ ( ၅၀၀၀) ဆန့်ဝင် အုတ်ရေ ကန် နှင့်ရေတွင်းအား ၈.၃.၂၀၁၆ ရက်နေ့တွင် ရေစက်သွန်းချလှူဒါန်းကြမည် ဖြစ်ပါ၍ လိုက်ပါမည့်သူများ ၄ .၃ .၂၀၁၆ ရက်နေ့ကို နောက်ဆုံးထား စာရင်းပေးကြပါရန် နှင့် အတတ်နိုင်ဆုံး လိုက်ပါကြဖို့ အသိပေး နှိုးဆော်အပ်ပါတယ် ခင်ဗျာ ။
ရန်ကုန် ၊ နေပြည်တော် ၊ မန်းလေး ယောလူငယ် အဖွဲ့များ ၆.၃.၂၀၁၆ ညမှာ ထွက်ခွာ ကြမည် ဖြစ်ပြီး ၇ . ၃ . ၂၀၁၆ ရက်နေ့ မနက်တွင် ပခုက္ကူ ၌ စုရပ်အဖြစ် သတ်မှတ်ထားပါသည်။
လူ အနည်းအများပေါ် မူတည်၍ ကားစီစဉ်ပြီး ကျောက်ထု သို့ ဆက်လက် ထွက်ခွာပါမည်။ ကျောက်ထု ယောလူငယ်များနှင့် အတူ ထီးလင်းမြို့ နယ် ၊ အိုင်းမ ကျေးရွာမှ တည်ခင်းကျွေးမွေးသော ညစာကို စားသောက်ပြီး အိပ်စက် အနားယူကြမှာ ဖြစ်ပါတယ် ။
၈. ၃. ၂၀၁၆ ရက်နေ့ မနက်မှာတော့ ပြင်သာကျေးရွာသို့ ခရီးဆက်လက် ထွက်ခွာ ၍ လှူ ဒါန်းထားသော အုတ်ရေကန် နှင့် ရေတွင်းအား ရေစက်သွန်းချ လှူဒါန်းပြီး တရားနာယူကာ ညပိုင်းတွင် ယောနယ်ဒေသ ဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယောလူငယ်များ ကြီးမှူး ကျင်းပ သော ပြင်သာကျေးရွာ စာပေ ဟောပြောပွဲ တွင် တက်ရောက် နားထောင်ကြမည် ဖြစ်ပါကြောင်း ။
၉ . ၃ .၂၀၁၆ ရက်နေ့ မှာတော့ ခရီးစဉ် အားလုံး ပြီးဆုံးပြီ ဖြစ်၍ မိမိနေထိုင်ရာ ရပ်ဌာနေ အသီးသီး သို့ ပြန်လည် ထွက်ခွာ ကြမည် ဖြစ်ပါတယ် ။

ဆက်သွယ်ရန် =
ကိုစန်းအောင်
ဖုန်း - 095189367
ကိုသိင်္ခ
ဖုန်း - 09420136144
ယောလူငယ်( ပြန်ကြားရေး )

No comments:

Post a Comment