Menu

Thursday, April 14, 2016

စစ်ကိုင်းတိုင်း မင်းဝံတောင် သီရိမင်္ဂလာချောင် ယောဒေသကျောင်းတိုက် အုတ်ရေကန်နှင့် ရေချိုးကန် ရေစက်ချလှူဒါန်းပွဲ

ရေကန်အလှူရေစက်ချပွဲနှင့် လစဉ်တွေ့ဆုံပွဲ အောင်မြင်ပြီးစီးခြင်း
စစ်ကိုင်းတိုင်း မင်းဝံတောင် သီရိမင်္ဂလာချောင် ယောဒေသကျောင်းတိုက် အုတ်ရေကန်နှင့် ရေချိုးကန် ရေစက်ချလှူဒါန်းပွဲကို(၉/၁/၂၀၁၆)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
နံနက်(၁၀)နာရီခန့်အချိန်တွင် ပင့်သံဃာများထံမှ ယောလူငယ်(မန်း)အဖွဲ့ဝင်များနဲ့အတူ အလှူရှင်များမှ(၈)ပါးသီလခံယူခြင်း တရားတော်များနာယူခြင်း ရေစက်ချအမျှပေးဝေခြင်းပြုလုပ်ခဲ့ပါသည်။
ထို့နောက် ပင့်သံဃာများနှင့်ကျောင်းမှသီလရှင်ဆရာလေးများအားနေ့ဆွမ်းကပ်လှူပူဇော်ခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းအား နေ့လည်စာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။
အကျွေးအမွေးအစီအစဉ်များ ပြု လုပ်ပြီး
နောက် လစဉ်တွေ့ဆုံပွဲကျင်းပရာ လစဉ်ကြေးများကောက်ခံခြင်း အသင်းအတွက်အကြံပြုဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။
ထို့နောက် အစီအစဉ်အရပ်ရပ်အား အောင်မြင်စွာ ရုပ်သိမ်းခဲ့ ပါသည်။
ရေကန်အလှူငွေရှင်းတမ်းအား မကြာမီရက်ပိုင်းအတွင်း တင်ပြပေးပါမည်။လှူဒါန်းကြသော ယောလူငယ်အဖွဲ့ဝင်များနှင့် အနယ်နယ်အရပ်ရပ်မှအလှူရှင်များအား ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနှင့်  မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
 


 ယောလူငယ်(ပြန်ကြားရေး)
၉ . ၀၁ .၂၀၁၆

ယောလူငယ်အဖွဲ့'s photo. 


ယောလူငယ်အဖွဲ့'s photo. 


No comments:

Post a Comment