ထီးလင်း၊ ဂန့်ဂေါ ယောလူငယ်အဖွဲ့ဝင် ကိုယ်စားလှယ်များဟာ ဂန့်ဂေါမြို့ ဖြူစင်မေတ္တာ ပရဟိတရုံးခန်းမှာ ၂၃ ရက်နေ့က တွေ့ဆုံ#
ကျောက်ထု ၊ထီးလင်း၊ ဂန့်ဂေါ ယောလူငယ်အဖွဲ့ဝင် ကိုယ်စားလှယ်များဟာ ဂန့်ဂေါမြို့ ဖြူစင်မေတ္တာ ပရဟိတရုံးခန်းမှာ ၂၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ယောဒေသတွင်း ရံဖန်ရံခါ အခမ်းအနားများ ၊ရိုးရာပွဲတော်များ၊စာပေဟောပြောပွဲများ အလျဉ်းသင့်သလို ကျင်းပနိုင်ရန်အတွက် လွယ်ကူချောမွေ့စေရန် ယောလူငယ်အဖွဲ့ ဗဟိုဥက္ကဌ ဦးဌေးလှိုင်နှင့် အမှု့ဆောင်အဖွဲ့များရဲ့ တာဝန်ပေးချက်အရ ဂန့်ဂေါမြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ပွဲစီစဉ်ရာမှာ လွယ်ကူချောမွေ့အောင် ကော်မတီ တရပ်ဖွဲ့စည်းနိုင်ဖို့ အကြိုညှိနှိုင်း နိုင်ခဲ့ပါတယ်။

ထို့နောက်
မီးဘေးကြုံရတဲ့ ယောလူငယ်အဖွဲ့ဥက္ကဌ(ဂန့်ဂေါ) ဦးကျော်ဖြိုးဝေအား
ယောလူငယ်အဖွဲ့ဝင်များမှ တတ်အားသမျှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။ထို့နောက်
ဂန့်ဂေါမြို့ပေါ်မှ ပရဟိတအဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေး ဖလှယ်ကြပါတယ်။
နေ့လည်စာကိုတော့ ကိုကျော်ဖြိုးဝေမှပဲ ပြန်လည် ဧည့်ခံပြီး ပြင်သာရွာသို့
ဆက်လက်ထွက်ခွာခဲ့ကြပါတယ်။
ခရီးလမ်းကြမ်းတမ်းမှု့နှင့် ချောက်နက်ကျေးရွာ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် စည်းရုံးရေးဆင်းရန် ကဏ္ဍအချို့ ကျန်ရှိနေသေးတာကြောင့် ပြင်သာရွာမှာပဲ ညအိပ်ခဲ့ကြပါတယ်။ မနက်ပိုင်းမှာတော့ မြစ်သာတမံ ရေလွှမ်းမိုးမှု့ကြောင့် ရွာပြောင်းရွှေ့ရာမှာ ရေတွင်းရေကန် အလှူအတွက် ယောလူငယ်ဖွဲ့မှ ပံ့ပိုးငွေ ဆယ်သိန်းကို ကိုရင် ဒိပ္ပနဲ့ ကိုရင်ပွကြီးတို့မှ ဒုတိယအသုတ်အဖြစ် ယောလူငယ် အဖွဲ့ကြီးကိုယ်စား လှူဒါန်းခဲ့ကြပါတယ်ခင်ဗျာ။
ယောလူငယ်အဖွဲ့ ပြန်ကြားရေး

No comments:
Post a Comment