(၅) ရက်နေ့မှာ ယောဒေသ စာပေဟောပြောပွဲ ခရီးစဉ်အရ ဒုတိယနေရာဖြစ်တဲ့
ကျောက်ထုမြို့မှ ထွက်ခွာလာပြီးနောက် ထီးလင်းမြို့နယ်ထဲမှ
အလယ်ဘန်းကျေးရွာအား ကူးပြောင်းခဲ့ပါတယ်။ အလယ်ဘန်းကျေးရွာဟာ တတိယမြောက်
အစီအစဉ်ရဲ့ အလှည့်ကျ ကျင်းပမယ့် ရွာလဲဖြစ်ပါတယ်။ ထီးလင်းမြို့ရဲ့
အရှေ့တောင်ဖက်ယွန်းယွန်းမှာ ရှိနေတဲ့ ကျေးရွာလဲ ဖြစ်ပါတယ်။ အကြည်ဘန်း
၊ငဆန်း၊ဘူးတောင်း စတဲ့ ကျေးရွာများနဲ့ ထိစပ်ပြီး အိမ်ခြေ ၉၀မျှသာ ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။
ကြွရောက်လာတဲ့ ဆရာ၊ဆရာမများနှင့် ၀န်းရံ ယောလူငယ်အဖွဲ့
၊ယောဂုဏ်ဆောင်အဖွဲ့ဝင် လူငယ်များကို ကျေးရွာ စာသင်ကျောင်းမှာ
နေရာထိုင်ခင်းပေးပြီး ခရီးဦးကြိုဆိုကြပါတယ်။ညနေအရောက်မှာတော့
မီးစက်အခက်ခဲကြောင့် သတ်မှတ်အချိန်ထက် နာရီအနည်းငယ်ခန့် နောက်ဆုတ်ပြီးမှ
ကျင်းပနိုင်ခဲ့ပါတယ်။ဒါပေမယ့် ပွဲဟာ စတင်ချိန်မှ ပြီးဆုံးသည်အထိ
ပရိတ်သတ်တွေအတွက် စာပေရသတွေ၊ အသိပညာတွေကို ထိရောက်စွာ
ပေးဆောင်နိုင်ခဲ့ပါတယ်။
ယောဒေသရဲ့ စိုးထိတ်မှု့နဲ့ သိသင့်သိထိုက်မှု့တွေကို တက်ရောက်လာသူများထံ အကောင်းဆုံး ပေးနိုင်ခဲ့တဲ့ ပွဲလို့ ယူဆမိပါတယ် ။အလယ်ဘန်းကျေးရွာသားတွေရဲ့ ဧည့်ဝတ်ကျေပွန် မှု့တွေကလဲ ယောသူယောသားတွေရဲ့ အမူအကျင့်အတိုင်းပါပဲ။
ညပိုင်းမှာ အလယ်ဘန်းကျေးရွာမှာ ညအိပ်အနားယူခဲ့ကြပြီး (6-3-2016) ရက်မှာတော့ ရေမျက်နီကျေးရွာမှာ စာပေဟောပြောပွဲဆက်လက်ကျင်းပမည်ဖြစ်ပါ
သည်။ ဒါကြောင့်စာပေချစ်မြတ်နိုးသူများ လာရောက်ကြဖို့ နှိုးဆော်ဖိတ်ကြားအပ်ပါသည်။
ယောလူငယ်ပြန်ကြားရေးအဖွဲ့ 

No comments:
Post a Comment