ရန်ကုန်တိုင်း တာမွေမြို့နယ်(၁၆၄)လမ်းနေ ဦးမျိုးမြင့်သည်
အသည်းအစားထိုးကုသရန် အရေးပေါ်လိုအပ်လျက်ရှိရာ
ယောနွယ်ဖွါးဆရာတော်တစ်ပါးဖြစ်သည့် ဂန့်ဂေါမြို့နယ်/ ကန်သာကျေးရွာမှ ဆရာတော် ဥူးခေမာစာရက လှူဒါန်းမည့် အစီ
အစဉ်အား ကူညီဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံလာ
ပါသည်။
သို့ပါ၍ ယောလူငယ်အဖွဲ့ တာဝန်ရှိသူများမှ လိုအပ်သော
အချက်အလက်များ စုဆောင်းရှာဖွေခြင်း/ဆေးပညာရှုထောင့်
တရားဥပဒေရှုထောင့်များမှ အချက်အလက်များ ရှာဖွေကာ
အလှူခံပုဂ္ဂိုလ် နှင့် အလှူရှင်ကြား စာချုပ်စာတန်း ချုပ်ဆို
ဆောင်ရွက်ပေးခဲ့ပါသည်။
အသည်းအစားထိုးကုသရန် ဆရာတော် ဥူးခေမာစာရ နှင့်
လူနာမိသားစုတို့သည်(၂၀/၄/၂၀၁၆)နေ့လည်(၁)နာရီ လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွါသွားပြီ
ဖြစ်ပါသည်။
ယောလူငယ်အဖွဲ့အနေဖြင့် အလှူရှင် ဆရာတော်နှင့် အလှူခံ
ပုဂ္ဂိုလ် နှစ်ဦးစလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း
တောင်းအပ်ပါသည်။
ပြန်ကြားရေး
ယောလူငယ်အဖွဲ့
Online
No comments:
Post a Comment