Menu

Wednesday, April 27, 2016

တောင်သားလူမျိုးတွေဟာ ပျူလူမျိုး လက်ကျန်ဟုတ်မဟုတ် ပြည်တွင်း၊ပြည်ပ ရှု့ထောင့်ပေါင်းစုံမှ သက်ဆိုင်ရာ ပညာရှင်များ ယောဒေသကို လာရောက်လေ့လာကြမည်



မြန်မာတို့ရဲ့ နှစ်ကူးအတာ သင်္ကြန်အပြီးမှာ သတင်းမီဒီယာများနှင့်တစ်ကွ ပြည်တွင်း၊ပြည်ပ ရှု့ထောင့်ပေါင်းစုံမှ သက်ဆိုင်ရာ ပညာရှင်များဟာ ယောဒေသကို လာရောက်ကြမှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ တောင်သားလူမျိုးတွေဟာ ပျူလူမျိုး လက်ကျန်ဟုတ်မဟုတ် အတည်ပြုဖို့အရေးနှင့် ယောဒေသတွင်းမှာ ရှိတဲ့ ပရိုင်းမိတ်တွေ၊ သက်သေခံ လူ့အသုံးအဆောင် အထောက်အထားတွေရဲ့ တန်ဖိုးကို အကဲဖြတ်ကြဖို့ပဲ ဖြစ်ပါတယ်။
ဒီအတွက် လိုအပ်တဲ့ အချက်အလက်တွေ၊ သက်သေခံ ပစ္စည်းတွေကို ဒေသတွင်း နေရာအသီးသီးက ပြန့်ကျဲနေတဲ့ အထောက်အထားများအား ယောလူငယ်အဖွဲ့မှ လိုက်လံ ရှာဖွေ စုဆောင်းထားပြီး ဖြစ်ပါတယ်။ သတ်မှတ်ရက်မှာ ဒေသဆိုင်ရာ အာဏာပိုင်များ၊မကွေးတိုင်းဝန်ကြီးချုပ်၊ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်အသီးသီးကိုလဲ ဖိတ်ကြားကြမှာ ဖြစ်ပါတယ်။
ဒီအတွက် ဒေသခံများမှ ကြိုတင်ပြင်ဆင်မှု့အနေနဲ့ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာ မနက်ဖန် ၆ . ၄. ၂၀၁၆ ၊ နံနက် ၉နာရီတွင် စည်းဝေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယောဒေသအရေး ၊တောင်သားအရေး စိတ်ဝင်စားသူများအနေဖြင့် မနက်ဖန်မနက်မှာ လာရောက် နှီးနှော တိုင်ပင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။
အောက်ပါပုံများကတော့ ယောလူငယ်အဖွဲ့မှ စုဆောင်းရရှိထားတဲ့ ယောဒေသတွင်းက မြေဆေးတံအိုး၊ သံချက်ဖို၊ အရိုးအိုးနှင့် အခြားအသုံးအဆောင် ပစ္စည်း အချို့တို့ကို စိတ်ပါဝင်စားသူများ လေ့လာနိုင်ရန် တင်ပြလိုက်ပါတယ် ခင်ဗျာ။
ယောလူငယ် ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment