ဟိုးတခါက ယောသားတစ်ယောက် အလွန်စူးစမ်းချင်စိတ်ပြင်းသူ တီထွင်ကြံဆ လုပ်ချင်သူ အထူးသဖြင့် စက်ပစ္စည်းများအားပြု ပြင်ခြင်းကို စိတ်ဝင်စားသူတစ်ယောက်ပါ။ နာမည်က ကိုတင်ထွန်းဟုခေါ်လေသည်။
ငယ်ရွယ်စဉ်ကတည်းက အိမ်မှာရှိတဲ့ စက်ပစ္စည်းများကိုလည်းအလွတ်မပေးဘူး။ အကောင်းတိုင်းပစ္စည်းတွေကို ပြန်ဖြုတ်
ပြန်တပ် ဒါသူ့ အလုပ်။
ပြန်တပ်ပြီးရင် အကောင်းတိုင်းပြန်ဖြစ်သလို သုံးမရတော့တာတွေလည်းမနည်းဘူး။
အိမ်က မိဘတွေအဆူပူခံပြီးကို
သူ့ ဝါသနာကမသေးလှ။
အရွယ်ရောက်တော့ ရုံးကိစ္စနဲ့  ပခုက္ကူမြို့ ကို မကြာခဏဆိုသလို သွားရတတ်တယ်။ တစ်ခေါက်တော့ ပခုက္ကူလမ်းတစ်နေရာမှာ ဆိုင်ကယ်ပျက်နေတဲ့သူတစ်ယောက်
နဲ့ တွေ့ တော့ ယောသားတွေစိတ်ထားအတိုင်း အတူပါလာသူ ယောသားတစ်ယောက်
နဲ့ ဒုက္ခရောက်နေသူကို ဘာကူညီရမလဲပေါ့လေ...
စက်ပစ္စည်းအကြောင်း နည်းနည်းပါးပါးတီးမိခေါက်မိတော့ သိတယ်ပေါ့လေ...
ဒါနဲ့ တစ်နေ့ ခင်းကုန်နီးပါး ကူကြပေမယ့် ဆိုင်ကယ်က ကောင်းမလာဘူး။
ဒါနဲ့ ဆိုင်ကယ်ပိုင်ရှင်သမားကလည်း ငြီးတာပေါ့လေ ဒီဆိုင်ကယ်က စီးလာတာလည်းကြာပြီဆိုတော့ ရတဲ့ဈေး
နဲ့ သာရောင်းတော့မယ် ပျက်တာ ပြင်ခကုန်တာလည်းမနည်းတော့ဘူးပေါ့လေ။
ယောသားလေး ကိုတင်ထွန်း ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပဲ ပြင်ရတာ တစ်နေကုန်တော့မယ် ပြင်ချင်စိတ်က မကုန်သေးဘူး။ ထပ်သိချင် စူးစမ်းချင်တော့ သူဒီဆိုယ်ကယ်ကိုဝယ်ပြီး ပြန်ပြင်မယ်ပေါ့လေ။
ဒါနဲ့  ဘယ်လောက်နဲ့ ရောင်းမလဲ ဈေးညှိကြတော့
ရောင်းသူက ဈေးလျော့ ပေးတာတောင် ဈေးပိုပေးဝယ်ခဲ့လို့  သူနဲ့ ပါလာသူ ယောသားလေးက
" ကိုတင်ထွန်း ခင်များဗျာ ရောင်းသူက
ဈေးလျော့ ပေးတာတောင်
ဘာလို့ ဈေးပိုပေးခဲ့ရသလဲ "
" မင်းမသိပါဘူးကွာ ဒီဆိုင်ကယ်ပြင်ရင်းပညာတွေအများကြီးရမှာကွ
ဆိုယ်ကယ်ဖြည်းဖြည်းတွန်းရင်း လိုက်ခဲ့မယ် မင်းရှေ့ ကသွားနဲ့  "
ဒီလိုနဲ့ ယောသူယောသားတွေ တည်းတဲ့နေရာကို ယောသားလေးအရင်ပြန်ရောက်တော့
ကိုတင်ထွန်း ဆိုယ်ကယ်ဝယ်လာတယ် နောက်ကလိုက်လာတယ်ဆိုလို့  လူရှိအကုန် ထွက်စောင့်ကြိုကြည့်ကြတာပေါ့လေ။
အားလုံးက ဆိုယ်ကယ်ဝယ်လာတယ်ဆိုတော့ စိတ်ဝင်တစားစောင့်နေကြတာ တော်တော်
နဲ့ ပေါ်မလာဘူး။
လမ်းမှာတခုခုများဖြစ်နေလားပေါ့။
ညနေ အတော်စောင်းမှ တည်းခိုရာ နေရာကိုရောက်လာတော့ အားလုံးထွက်ကြို ကြည့်သူတွေ တဝါးဝါးဖြစ်ကုန်တယ်။ ဘာလို့ ဆို ဆယ်ကယ်ဝယ်လာ
တဲ့ ယောသားလေးကိုတင်ထွန်းက ဆိုင်ကယ်ကို တစ်စစီဖြုတ်ပြီး တောင်းကြီး
နဲ့ ခေါင်းပေါ်ရွက်လာတာကိုး ။ လူရှိကုန် လက်ညှိုးထိုးရယ်ကြတော့တာပေါ့။
ယောသားလေးကိုတင်ထွန်းကတော့
သူ့ ဝါသနာအတိုင်း ယုံကြည်မှုအပြည့်နဲ့  ပြန်ပြောလိုက်တယ်။
" မနက်ဖြန်ကစ စတပ်မှကွ စောင့်ကြည့်ကြဦး " ဟူ၍ .,
တစ်ရက်ပြီးတရက် ကြိုးကြိုးစားစား တစ်ယောက်တည်း ဆိုယ်ကယ်ပြန်တပ်လိုက်တာ တစ်ပတ်လောက်ကြာတော့ အားလုံးတပ်ဆင်ပြီးပါလေရော။
လူတွေကလည်း
" ဟာာ တယ်ဟုတ်ပါလားဟေ့ ကိုတင်ထွန်း ခင်ဗျားတော်တယ်ဗျာ "
ကိုတင်ထွန်း ဆိုယ်ကယ်ကြီးတပ်ဆင်၊ ဒေါက်ထောက်ပြီး လက်လေးပိုက်လို့ 
ရှေ့ ကကြည့်လိုက် နောက်ဘက်က ပတ်ကြည့်လိုက် ပီတိတွေ
နဲ့ တပြုံးပြုံးပေါ့လေ။
ယောဘက်မှာတော့ နွားတွေဝယ်ခါနီး
ရှေ့ နောက်ပတ်လည် လှည့်ကြည့်သလိုပေါ့။ လက်လေးပိုက်ပြီး ကြည့်မဝဘူး။ ဘေးလူတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ချီးကျူးကြတော့ ပိုပီတိဖြစ်ရတာပေါ့လေ။
ဒီလိုနဲ့ လူတွေလည်းဘေးနားကလာ လက်ပိုက်ကြည့်နေကြရင်း ၁၀ မိနစ်လောက်အကြာမှာတော့ တစ်ပတ်လုံးလုံး ကြိုးစားပန်းစား တပ်ဆင်ထားတဲ့ ဆိုယ်ကယ်ကြီးဟာ ထောက်ထားတာပါပြုတ်ပြီး " ဝုန်း " ဆို တစ်စ စီပြန်ပြိုသွားပါလေရောလား။ ဘေးလူတွေကတော့ ရယ်ကြတာရော သနားကြတာရောပေါ့လေ ။
ဒါကတော့ စူးစမ်းခြင်စိတ်ပြင်းပြလွန်းတဲ့ ယောသားလေး တစ်ယောက်ရဲ့ အလွဲပါပဲ။
ဒါပေမယ့် အချိန်တစ်ခုကြာလာတော့
သူ့ သားတွေလက်ထက်ထိ ယောဘက်မှာ နာရီပြင်ဆိုင်ဆို
သူ့ ဆိုင်သာအားကိုးနေခဲ့ကြတာပါ။ လူတော်တစ်ယောက်ပါပဲရှင်။
သဲနုဇာ (ဒို့ ယောမြေ)
Photo Credit ပေးပါသည်။
No comments:
Post a Comment