Menu

Sunday, April 17, 2016

စာပေဟောပြောပွဲ ကျင်းပရန်(၁၇)ရက်သာ လိုတော့သည် (February 14)


ကျနော်တို့ နိုင်ငံမှာ စာပေဟောပြောပွဲရယ်လို့ ကမ္ဘာ့ နိုင်ငံတွေနဲ့
မတူပဲ ထူးခြားတဲ့ ယဉ်ကျေးမှု လေးတွေ ရှိနေပါတယ်။စာပေဟောပြောပွဲ ဆိုတာဟာ စာပေနဲ့ လူထုကို တိုက်ရိုက် ရင်းနှီး
ထိတွေ့ အောင် အလျှင်အမြန် စာပေချစ်စိတ်တွေ တိုးပွားအောင် အသိပညာတွေ ဖွံ့ ဖြိုးအောင် ဆိုပြီး ဟောပြောပို့ချသူတွေကလဲ လိုလားတယ်။ နားဆင်မယ့် ပရိတ်သတ်တွေ အနေနဲ့ ကလဲ ဖတ်ဖူးနေကြ၊ ကြားဖူးနေကြ စာရေးဆရာတွေကို မျက်မြင်
ကိုယ်တွေ့ တွေ့ ဆုံနားဆင်
ခွင့် ရတာကြောင့် စာပေ ဟောပြောပွဲ
ဆိုတာကို အလွန်အင်မတန် မက်မောလှပါတယ်။
မြန်မာနိုင်ငံ အရပ်ရပ်မှာ စာပေဟောပြောပွဲတွေ ခြိမ့် ခြိမ့် သဲသဲ စီစဉ်ပေးတာတွေကြောင့်
စာချစ်ပရိတ်သတ် အသိုင်းဝိုင်းအဖို့ ကိုယ်ကြိုက် နှစ်သက်တဲ့ စာရေးဆရာ၊ဆရာမတွေကို
တွေ့ ဆုံခွင့်ရကြပြီး ဖြစ်ပါလိမ့်မယ်။ရင်းနှီးကြပြီး ဖြစ်ပါလိမ့်မယ်။ပြည်ပရောက် မြန်မာအများစုတွေဟာလဲ အခါအားလျော်စွာ စာပေဟောပြောပွဲတွေ ပြုလုပ်ခြင်းဖြင့် ဟောသူ၊ ပြောသူ၊ နားဆင်သူတွေခြင်း နီးစပ်မှု ရှိကြတာပါပဲ။

ဒီလိုပဲ စီးပွားရေးအရ လမ်းပန်းဆက်သွယ်ရေးအရ အခြားအခြားသော ဒေသများနည်းတူ ကျနော်တို့ ဒေသတွင်းမှာလဲ စာပေဟောပြောပွဲတွေ၊ ဌာနပေါင်းစုံက လုပ်ငန်းတာဝန်တွေရဲ့ အထွေထွေ ဗဟုသုတတွေ၊ ပတ်ဝန်းကျင် ပြောင်းလဲတိုးတက်မှု တွေနဲ့ အတူ မိမိတို့ ရဲ့ 
လူ့ အခွင့်အရေးတွေ၊ လာဘ်ပေးလာဘ်ယူနှင့် အကျင့် ပျက်ခြစားလွန်းတဲ့ ၀န်ထမ်း ခန့်အပ်
တဲ့ လောကရဲ့ ဆုတ်ယုတ်မှု တွေ အစရှိ
တဲ့ အထွေထွေ ဗဟုသုတတွေ ရရှိစေလိုမိခဲ့တယ်။သိသင့် သိထိုက်တာတွေကို သိနားလည်ထားရင် လူ့ တန်ဖိုးအတိုင်း တန်းတူညီမျှ နေထိုင်သွားလာနိုင်မယ်လို့  ယုံကြည်မိပါတယ်။ ကျနော် တင်ပြလိုတဲ့ ရည်ရွယ်ချက်ကို အစပြန်ကောက်ရရင် ကျနော်
တို့ ဒေသတွင်းက စာပေဟောပြောပွဲ ပြုလုပ်လိုတဲ့ တက်ကြွတဲ့ ဒေသခံတွေ ရှိတဲ့ နေရာတွေကို ရှာဖွေရရှိထားပါတယ်။ဒီလို ရွာလေးတွေအား အဝေးရောက် ယောလူငယ်တွေနဲ့ ဒေသခံ ယောလူငယ်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ယောလူငယ် စာပေဟောပြောပွဲ ခရီးစဉ်ကို စီမံထားပါတယ်။ပွဲစီစဉ်သူတွေဟာ ငွေရေးကြေးရေး အပိုင်းအရ တလုံးတခဲတည်း ထိထိရောက်ရောက် မထည့်ဝင်နိုင်ကြပေမယ့် တလ သုံးထောင်သော အဖွဲ့ဝင် စုကြေးလေးတွေနဲ့ အားယူပြုလုပ်ရတာ ဖြစ်ပါတယ်။
ပထမဆုံး စမ်းတ၀ါးဝါး ပြုလုပ် ရတာတွေကြောင့် ငွေကြေးအရရယ်၊လူအင်အားအတိုင်း
အတာတွေရယ်ကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေမှာ စိုးရိမ်မိပါတယ်။
ရံပုံငွေ အပိုင်းသာ လုံလောက်ခဲ့ရင် စာပေဟောပြောပွဲနှင့်အတူ အခြားသော လူထုအကျိုးပြု အစီစဉ်လေးတွေကိုပါ ထည့်သွင်း လိုမိပါတယ်။အများရဲ့ ထည့်ဝင်ငွေတွေကြောင့် ပိုလျှံခဲ့ရင်တောင် နောက်တကြိမ်မှာ အခြားသော ကျင်းပလိုတဲ့ နေရာတွေအတွက် ထပ်မံ စီစဉ်ပေးနိုင်ဖို့ မတည်ငွေ ရရှိဖို့ အခွင့် ရေး ရှိနေပါတယ်။
ဒီတကြိမ်ဟာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးတဲ့ ဒေသတွေအဖို့ အားမွေးပြီး ပြင်ဆင်ထားဖို့ တိုက်တွန်းချင်မိပါတယ်။
ကျနော်တို့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ အင်အား ကောင်းလာတာနဲ့အမျှ ပရဟိတ အကျိုး ၊နိုင်ငံ့အကျိုးတွေကို တဖက်တလမ်းက အားဖြည့် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း တင်ပြရင်း ယောဒေသ စာပေဟောပြောပွဲ ခရီးစဉ်အား ၀န်းရံကြဖို့ ယောလူငယ်အဖွဲ့မှ တိုက်တွန်းအပ်ပါတယ် ခင်ဗျား။
ယောလူငယ်ပြန်ကြားရေးအဖွဲ့ 

No comments:

Post a Comment