-အရွက်တွေ တဖွဲဖွဲကြွေနေတဲ့
ကုက္ကိုလ်ပင်အိုအိုကြီးရယ်။
-ထိုင်သူမဲ့နေတဲ့ ခုံတန်းလျားလေးရယ်။
-ဟိုး………အဝေးတောစပ်က
လွမ်းလွမ်းဆွတ်ဆွတ် ချိုးကူသံရယ်။
-တောင်ယာမီးခိုးရနံ့ ခပ်ပြင်းပြင်းရယ်။
- ရင်ကို ချမ်းမြေ့စေမယ့်
ရေချမ်းစင်လေးရယ်။
- စိမ်းညို့ညို့ထန်းတောနောက်ခံနဲ့
ရွာဦးစေတီလေးရယ်။
ဒါဟာ…
ဘဝရဲ့ နိမိတ်ပုံလားလေ။ ။
No comments:
Post a Comment