Menu

Thursday, April 21, 2016

"ယောနယ် ချစ်သား ကြေးမောင်းတီးခြင်း"


ယောနယ်ချစ်သား
စိမ့်စမ်းရေထား
ရင်မှပေါက်ဖွား
ရေကြည်အလား
ခွန်အား ဖြစ်စေ
တစ်ပေါက်တစ်လေ
သောက်သုံးနိုင်ရေး
လမ်းစဉ်ပေးဝေ...။
တစ်စက် တစ်ပေါက်
စုခံကောက်ကား
တစ်ခွက်တစ်ဖလား
ခွန်အား ဖြစ်စေ
သောက်သုံးနိုင်ပေ
အကျိုးမျှော်နေ...။
ယောနယ် ဂုဏ်ရောင်
ထွန်းလင်းပြောင်အောင်
ကြံဆောင်နိုင်ရေး
ရှေးရှုတွေးလေ...။
ငါ့မြင်း ငါ့စိုင်း
မရိုင်းပင်းက
ဟိုင်းမယ် ကိုင်းမယ်
ငါတို့ယောနယ်
ဘေးဖြစ်မယ် ဟေ...။
ရိုးရာအမွေ
ဖော်ဆောင်ပေးနေ
သမိုင်းယောမြေ
Online မှလေ
ဝိုင်းဝန်းပေး ဟယ်...
"ယောလူငယ်"သို့
ယောနယ် ပေါက်ဖွား
ချစ်တတ်စေသား
တို့ယောနယ်အား
ဖိတ်ခေါ်ပါ့ဗျား...။
" ယောနကတိုင်း"
မရိုင်းစေရေး
ဝိုင်းဝန်းပေးမှ
မနှေးအမြန်
ပြုံးရွှင်နိုင်ရေး
ကြိုးစားပေးလော့...။
ချစ်သောယောမြေ
အလင်းဝေစေ
စွမ်းဆောင်နေမယ်
တို့..." ယောလူငယ်"
ဝိုင်းဝန်းပေးကွယ်
နှိုးဆော်ပြီဟယ်...။

ယောအိမ်လင်း

No comments:

Post a Comment