ယောလူငယ်အင်အားစုများမှ ကြီးမှူး
ကျင်းပလျက်ရှိသည့် စာပေဟောပြောပွဲ အစီအစဉ်အား ယောဒေသရှိ ကျေးရွာ
ခုနစ်ရွာတွင် ကျင်းပရန်စီစဉ်ထားပြီးဖြစ်ပါသည်။
စာပေဟောပြောပွဲ ပထမနေ့အဖြစ် ၃-၃-၂၀၁၆ ရက်နေ့ ၌ တပြင်းကျေးရွာတွင်
စတင်ဟောပြော မည် ဖြစ်ရာ စာပေဟောပြောပွဲအတွက် ဖိတ်ကြားထားသည့်
စာရေးဆရာကြီးများ ဖြစ်ကြသော ဆရာ နေဝင်းမြင့်၊ ဆရာ ညိုထွန်းလူ နှင့် ဆရာမ
ခင်ခင်ထူး တို့သည် အကြိုတော် ယောလူငယ်အဖွဲ့ဝင်များနှင့်အတူ မန္တလေး
မှစတင်ထွက်ခွာလာရာ ယနေ့ ညနေက တပြင်းကျေးရွာသို့ ရောက်ရှိခဲ့ကြပြီး
ပုံတောင်ထိပ်တွင် ဒေသခံ များမှ ပန်းစည်းများဖြင့် စည်ကားနွေးထွေးစွာ
ကြိုဆိုခဲ့ကြပါသည်။
ယောလူငယ်အင်အားစုများအနေဖြင့် စာပေဟောပြောပွဲခရီးစဉ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပရခြင်း ဖြစ်သော်လည်း ဒေသခံယောလူငယ်လေး များသည် ပင်ပန်းသည်မထင် ကိုယ်စွမ်း ရှိသမျှ ပျော်ရွှင်စွာဖြင့် အစီအစဉ်လစ်ဟာမှု မရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိ ပါသည်။
စာပေဟောပြောပွဲအား ၃-၃-၂၀၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် တပြင်း ကျေးရွာ၌ စတင်ကျင်းပမည် ဖြစ်သဖြင့် နီးစပ်ရာ ကျေးရွာများမှလည်း လာရောက်၍ ပညာဗဟုသုတများ ရယူနိုင်ကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
(ယောလူငယ်ပြန်ကြားရေးအဖွဲ့ )

No comments:
Post a Comment