Menu

Thursday, April 14, 2016

ရှိလို့မဟုတ် သိလို့လုပ်သည် ရှိလို့မလှူ သိလို့လှူသည်။

ယောလူငယ်အဖွဲ့ဟာ တစ်နှစ်သားပြည့်လုနီးနီးသာရှိသေးပေမယ့် ထိရောက်တဲ့ လှူဒါန်းမှု လှုပ်ရှားဆောင်ရွက်မှုတွေကတော့ အကြိမ်( ၂၀) ခန့်ရှိပါပြီ။
လှုပ်ရှားဆောင်ရွက်မှုတွေက နေ့တဓူဝ လှုပ်ရှားဆောင်ရွက်
နေကြသော်ငြားလည်း ယောချစ်စိတ်တစ်ခုသာ အရင်း တည်ရ သည်မို့ ပွင့်ပွင့်လင်းလင်းဆိုရလျင် ဘဏ္ဍာရေးအင်အား လွန်စွာအားနည်းပါသည်။
ရေပုတ်ရွာလေဘေးအလှူက စတင်ပြီး ယနေ့အချိန်ထိ
တစ်ရက်တစ်လေမှ မနားရအောင် "ယောဒေသအကျိုးဘယ်လို သယ်ပိုးမလဲ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆွေးနွေးအဖြေရှာ တိုင်ပင်နေကြပါတယ်။
အဓိကကတော့ ဘဏ္ဍာရေးချို့ငဲ့မှုပါဘဲ။
ရေဘေးသင့်ပြင်သာကျေးရွာအတွက် ရေတွင်း နဲ့ ရေကန်လှူ
ဖို့ရာ ယောလူငယ် အားလုံး တိုင်ပင်ကြတော့လည်း အားလုံး က အားတက်သရော သဘောတူကြသည်။
သို့သော်…
… …

လုပ်ချင်စိတ်သာရှိပြီး တစ်လ(၃၀၀၀)ကျပ်မျှပင် အနိုင်နိုင်စုနေရ
သော အဖွဲ့ဝင်များပေမို့ ကုန်ကျစားရိတ်တွက်ချက်ကြည့်ကာ
ထမ်းနိုင်ပါ့မလား ဟူသော အတွေးဖြင့်ရင်တထိတ်ထိတ်။
ခုတော့…
စေတနာမှန်သော ကံတရားဟုဆိုရပေမည်ထင့်။
ပြင်သာကျေးရွာ သောက်သုံးရေကန်တည်ဆောက်ရေးအတွက်
One More အဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ဦးပြည်သွေးနိုင် မှ
ယောလူငယ်အဖွဲ့ထံသို့ ကျပ်သိန်း(၂၀)တိတိ ပေးအပ်လှူဒါန်း
လာပါသည်။
ခုတော့…
ကျနော်တို့ ယောလူငယ် (Online) အဖွဲ့တော်သားများ သက်ပြင်းချနိုင်ခဲ့ပါပြီ။
ယင်းလက်ခံရရှိသောငွေကျပ်သိန်း(၂၀)အား ထီးလင်းယောလူငယ်အဖွဲ့နှင့် ကျောက်ထုယောလူငယ် အဖွဲ့ များမှ ဗဟိုမှ လက်ခံရယူကာ ပြင်သာကျေးရွာအထိ ထိရောက်အောင် ကွင်းဆင်းဆောင်ရွက်ကြမည်ဖြစ်သည်။
ကောင်းသောကုသိုလ်အမှုပြုရန် အစဉ်အာရုံပြုနေသော ယော လူငယ်အဖွဲ့အဖို့ မည်သည့်အခက်အခဲကြုံတွေ့စေကာမူ
အောင်မြင်စွာ ကျော်ဖြတ်နိုင်မည် ဟု မမှိတ်မသုန် ယုံကြည်မိပါသည်။

ပြန်ကြားရေး
ယောလူငယ်အဖွဲ့ (On line)

No comments:

Post a Comment