"ချစ်ရသူထံ ယောလူငယ်အသံတို့ကို သိပါစေသား ကြားစေသား"
ယောဆိုတာလေးတစ်ခုပါပဲ
စိတ်မှာစွဲလို့အလုပ်လုပ်နေသူပါ .....မေ။
ဘာတွေ ဘယ်လောက်တော်လို့တော့ မဟုတ်ပါဘူး
မလုပ်ဘူးဆိုတဲ့လူများနေလို့ မောင်တို့က ချစ်ရတဲ့ ယောမြေအတွက် ရှေ့ထွက် လုပ်နေရတာပါ... မေ။

အသပြာငွေဆိုတာလဲ ဝေလာဝေး
လိုအပ်ရင် မောင့်အိပ်ကပ်ကလေးတောင် ပိန်ပိန်သွားတတ်ပါသေးတယ် ......မေရေ။
အိမ်ကလူတွေဆိုတာကလဲ
မဆူဆဲတတ်တော့လို့ ကြည်ဖြူစွာ လွှတ်ထားတာ မဟုတ်ပါဘူး....မေရေ။
မောင်သာလေ ခေါင်းတွေမာမာနဲ့
့ဘဝအတွက် ဆုံးမတာတွေကို
ရင်နာနာနဲ့ မကြားချင်ယောင်ဆောင်
်ယောဆိုတဲ့ ဂုဏ်ရောင်ပြောင်နိုင်ဖို့
စိတ်ဆောင်ပြီး လုပ်နေခဲ့တာပါ....မေရေ။
တစ်ခါတစ်လေ ခေါင်းတွေမူးအောင် အကြံထုတ် အလုပ်တွေချောမွေ့အောင်
ညနက်သန်းခေါင်ထိ အလုပ်လုပ်ခဲ့တယ်....မေရေ။
တစ်ခါတစ်လေ နေဆိုတာ ပူတဲ့အရာမှန်း သိပေမဲ့
တစ်ချက်မမဲ့ပဲ တစ်ယောက်ထဲလဲ သွားသင့်ရင် သွားခဲ့ရတာပါပဲ....မေရေ။
မိုးနှင့်ရေဆိုတာလဲ ရှောင်လွဲလို့မရ
ဒုက္ခတောဆိုတာထက်လဲ ပိုမယ်ထင်
နေရောင်မမြင်ဘဲ ဗွက်တောထဲကရုန်းလာပြီး လုပ်ရတာတွေလဲ ရှိတာပါပဲ......မေရေ။
ဒါတွေအားလုံးကို မောင်မမှု့ပါဘူး
ယောလို့ပြောတိုင်း ကျရှုံးသွားတဲ့စိတ်ဓာတ်တွေ အသစ်ပြန်ဖြစ် တက်ကြွတဲ့ စိတ်ဓာတ်တွေနဲ့
"ယော"ဆိုတာလေးတစ်ခုနဲ့ အသက်ဆက် နေသူတွေပါပဲ .....မေရေ။
မောင်ချမ်းညီ( Y.S.A)
(၁၁. ၃ ၂၀၁၆)
(ယောနယ်အတွက် အနွံတာခံ ပေးဆပ်နေသော အဖွဲ့အစည်း ၊လူတစ်ဦးချင်း အားလုံးကို ရည်ညွှန်း ဖော်ကျူးအပ်ပါသည်)

No comments:
Post a Comment