၃၁-၁-၂၀၁၆ ရက်နေ့ နံနက် ၉ နာရီတွင် ယောလူငယ(်နေပြည်တော်) ၏ လစဉ်တွေ့ဆုံပွဲ ကျင်းပခဲ့ရာ ပုံမှန်လစဉ်တွေ့ဆုံပွဲများထက် ထူးခြားဝမ်းမြောက်ဖွယ် ဖြစ်သည့် ရေဆင်းတက္ကသိုလ်အနီးနှင့် ရေတာရှည် မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ဗိုလ်လေး(၂)ယောက်မှ ယော ဆွေမျိုး များနှင့်တွေ့ဆုံပူးပေါင်းနိုင်ရန် တကူးတကလာရောက် ခဲ့ကြပြီး နွေးထွေး ပျော်ရွှင်စွာ နှုတ်ဆက်ခဲ့ကြပါသည်။
ထို့အပြင် ထို့ထက်ပိုထူးခြားစွာ လွှတ်တော် အမတ်သစ်နှင့် အမတ်ဟောင်း (၂) ယောက်တို့မှလည်း ထပ်မံ လာရောက် တွေ့ဆုံခဲ့ကြပြီး မျိုးဆစ်သက် လူငယ် များအား အားပေးချီးမြှောက်ကာ ရှေ့ဆက် ညီညွတ်စွာဖြင့် ကိုယ့်ဒေသအကျိုးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်မှာ မိမိတို့ယောသားများသာ ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းများ ပြောကြား အားဖြည့်ခဲ့ပြီး မိမိတို့မှလည်း ပါဝင်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားခဲ့ခြင်းများနှင့်ပတ်သက်၍ နေပြည်တော် ဥက္ကဌနှင့် အတွင်းရေမှူး တို့မှလည်း ထိုကဲ့သို့ တကူးတက လာရောက် တွေ့ဆုံခဲ့ကြမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ယောလူငယ်အဖွဲ့ကြီး ရှေရှည်တည်တံ့ ခိုင်မြဲစေရန်မှာ လူကြီးများ၏ ကူညီထောက်ပံ့ ဖေးမမှုများစွာ လိုအပ်ပါကြောင်းနှင့် လမ်းညွှန်မှုများစွာလည်း လိုအပ်ပါကြောင်းနှင့် ယောလူငယ်အဖွဲ့ စတင်ဖွဲ့စည်း ဖြစ်လာခဲ့ပုံနှင့် ရည်ရွယ်ချက်များကိုလည်း ရှင်းပြခဲ့ကြပါသည်။
ထို့နောက် လစဉ်ကြေးများ စုဆောင်းကောက်ခံခြင်း၊ ဘုရားအလှူငွေ
တစ်သောင်းကျပ်တိတိ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပြီး လွှတ်တော်အမတ်များမှ
ဒေါ်ကြူလက်ဖက်ရည်ဆိုင်တွင် တည်ခင်းဧည့်ခံခဲ့ပြီး တွေ့ဆုံပွဲကို
အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
ယောလူငယ်ပြန်ကြားရေးအဖွဲ့
ယောလူငယ်ပြန်ကြားရေးအဖွဲ့
No comments:
Post a Comment