အဆွေးခံ
အေးမြလိုက်တာ
လူတကာ က
ဖွဖွချီးမွမ်း
ရေချမ်းအိုးလေး။
ဆွေးလျလှိုက်ဖွါ
သူငါမသိ
ပီဘိကွေးကွေး
ကရွတ်လေးလေ။
များသူငါတွေ
အေးမြစေဖို့
ဆွေး စတေးခံ
ယိုယွင်းပြန်လည်း
ရင်ထဲကျေနပ်
အအေးဓာတ်ပေး
ကရွတ်လေးက
များ အေးမြဖို့
အဆွေးလျခံ။
ရေချမ်းအေးမြ
ချီးမွမ်းကြပေ
ကရွတ်ခွေတော့
အမေ့လျော့ခံ ။ ။
ယောသိင်္ခ
No comments:
Post a Comment