Menu

Saturday, April 30, 2016

ယောလူငယ်အဖွဲ့ ဗဟို ဥက္ကဌ ဦးဌေးလှိုင် (ယောသိင်္ခ)၏ နယ်မြေခံအဖွဲ့ခွဲ အသီးသီးနှင့် တွေ့ဆုံ ဆွေးနွေးရေး ခရီးစဉ်

၉ .၄ .၂၀၁၆
(လောင်းရှည်)
‪#‎၂၉ရက်နေ့မှာ‬ ယောလူငယ်အဖွဲ့ ဗဟို ဥက္ကဌ ဦးဌေးလှိုင် (ယောသိင်္ခ)၏ နယ်မြေခံအဖွဲ့ခွဲ အသီးသီးနှင့် တွေ့ဆုံ ဆွေးနွေးရေး ခရီးစဉ် ပြီးပြီ#
ယမန်နေ့ ၂၉ ရက်နေ့မှာ ယောလူငယ် ဗဟို ဥက္ကဌနှင့်အဖွဲ့ဟာ ထီးလင်းမြို့မှတဆင့် ကျောက်ထု မြို့ကို ထွက်ခွာလာခဲ့ပါတယ်။ သည့်ရက်မတိုင်မှီက ဂန့်ဂေါခရိုင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် ၊ဂန့်ဂေါ ယောလူငယ်ဥက္ကဌ ကိုကျော်ဖြိုးဝေ၊ပြင်သာရွာ ဆရာတော်၊ ထီးလင်းမြို့နယ် ကျေးလက်ဦးစီးဌာန ဦးစီးမှူး၊ ထီးလင်းယောလူငယ် ဥက္ကဌ ကိုချိန်ဝင်း ၊ကျောက်ထု ယောလူငယ် နာယကဆရာတော် တစ်ပါးဖြစ်တဲ့ ပန်းဆန် ဆရာတော်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံရာမှာ ယောဒေသလုံးဆိုင်ရာ ကွန်ယက်ချိတ်ဆက်မိရေး၊ ဒေသတွင်း မျိုးနွယ်စု တစ်ခုအား ထိမ်းသိမ်း စောင့်ရှောက်နိုင်ရေး၊ ယောနယ်သမိုင်းဆိုင်ရာ ကိစ္စရပ်များ အတွက် လိုအပ်တဲ့ အထောက်ထားများ ခိုင်လုံစွာ စုဆောင်းထားရှိနိုင်ရေး၊အနာဂါတ်မှာ ယောဒေသတွင်းရှိ မှီတင်းနေထိုင်ကြတဲ့ မျိုးနွယ်စုများအချင်းချင်း ရင်းနှီးချစ်ခင်အောင် တွေ့ဆုံပွဲကြီးများ ကျင်းပနိုင်ရေး စသည်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ညနေပိုင်းအချိန်မှာတော့ ဆောယောလူငယ်အဖွဲ့အား ဂန့်ဂေါခရိုင်ရဲ့ အနောက်တောင်နယ်စပ် အင်ဘူး ကျေးရွာမှာ တွေ့ဆုံကြပါတယ်။လောင်းရှည်မြို့ဒေသခံများအားလည်း အင်ဘူးရွာမှာပင် စီစဉ်ဆွေးနွေးခဲ့ကြပါတယ်။အင်ဘူးရွာဟာ လောင်းရှည်မြို့နှင့်အပြိုင် ပေါ်ထွန်းခဲ့တဲ့ ရွာဖြစ်ကြောင်း လောင်းရှည်မြို့ ပညာရေးဝန်ဆောင်မှု့ လုပ်ငန်း လုပ်ကိုင်သူ ဆရာ စောမင်းနိုင်မှ ပြောပြပါတယ်။တွေ့ဆုံပွဲမှာ လူဦးရေ ( ၅၆ )ယောက် တက်ရောက်ခဲ့ကြပါတယ်။
ဒေသခံများ၏ စိတ်ဝင်စားမှု့အရ ယောလူငယ်အဖွဲ့၏ လတ်တလော ဆောင်ရွက်ပြီးစီးပြီးသမျှ လုပ်ငန်းအခြေနေ၊ အနာဂါတ် ရည်မှန်းချက်၊ လိုဂိုအဓိပ္ပါယ်၊ လုပ်ငန်းအတွေ့အကြုံများအား ဗဟိုဥက္ကဌကြီး ဦးဌေးလှိုင်(ရန်ကုန်) ၊ကိုရင်ပွကြီး(ကျောက်ထု)၊ ဦးဝင်းဇော်(ကျောက်ထု)၊ ကိုရင် ဒိပ္ပ (အကြံပေး)၊ကိုခင်ဇော်လွင်(ဆော)၊ ဆရာစောမင်းနိုင်(လောင်းရှည်)တို့မှ ကဏ္ဍအသီးသီးအား ရှင်းလင်း တင်ပြ ဆွေးနွေး ခဲ့ကြပါတယ်။ ထို့နောက် အင်ဘူးရွာအား လေ့လာပြီးနောက် အင်ဘူးသူကြီး အုတ်ဂူရှေ့တွင်အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပြီးနောက် ဥက္ကဌကြီးနှင့်အဖွဲ့ဟာ ရန်ကုန်မြို့ကို ဆက်လက် ထွက်ခွာ ခဲ့ကြပါတယ် ခင်ဗျာ။
                                                                                ပြန်ကြားရေး (ယောလူငယ်အဖွဲ့)


No comments:

Post a Comment