>မင်္ဂလာနံနက်ခင်းပါ
အိပ်ယာ ထထချင်း
ရေချိုးခန်းတွင်းအဝင်
မှန်ပြင်ကိုကြည့်ရင်း
သက်ပြင်းလေး လေးလေးချ…
>သြော်…
ဘဝဆိုတာ
{မွေးလာ
ရှာစား
နာဖျား
အိုသေ}
အဲဒါပါပဲလေ။
ဇာတိ
ဇရာ
ဗျာတိ
မရဏာ
ဖော်မြူလာကိုမေ့ကာ
မိုင်တိုင်တကာကိုဖြတ်
>အသက်ဓာတ်နဲ့
အဆက်မပြတ်ခင်
သံယောဇဉ်အမျှင်တန်းနဲ့
ပင်ပန်းစွာ ခရီးမတွင်တဲ့အဖြစ်။
>သိလျက်နဲ့ပင်
နွယ်မျှင်တွေကို
ရစ်ပတ်ခိုဝင်
မဖြတ်ချင်တဲ့အဖြစ်။
>ပျိုမြစ်ခြင်းကို
နှစ်လိုခုံမင်ကာ
ဇရာကိုလုံးလုံး
အမုန်းကြီးမုန်းမိနေတဲ့အဖြစ်။
>တကယ့်တကယ် ဆန်းစစ်တဲ့အခါ……
မွေးနေ့မှာ
ခမ်းနားနေတာထက်
သေနေ့မှာ
ငြိမ်းအေးသာယာအောင်
ကျင့်ဆောင်ဖို့ရာ
အမှတ်ရမိတဲ့အခါ
ဟာ……
အချိန်တွေတောင်
တော်တော်လွန်နေပါရောလား ။ ။
အိပ်ယာ ထထချင်း
ရေချိုးခန်းတွင်းအဝင်
မှန်ပြင်ကိုကြည့်ရင်း
သက်ပြင်းလေး လေးလေးချ…
>သြော်…
ဘဝဆိုတာ
{မွေးလာ
ရှာစား
နာဖျား
အိုသေ}
အဲဒါပါပဲလေ။
ဇာတိ
ဇရာ
ဗျာတိ
မရဏာ
ဖော်မြူလာကိုမေ့ကာ
မိုင်တိုင်တကာကိုဖြတ်
>အသက်ဓာတ်နဲ့
အဆက်မပြတ်ခင်
သံယောဇဉ်အမျှင်တန်းနဲ့
ပင်ပန်းစွာ ခရီးမတွင်တဲ့အဖြစ်။
>သိလျက်နဲ့ပင်
နွယ်မျှင်တွေကို
ရစ်ပတ်ခိုဝင်
မဖြတ်ချင်တဲ့အဖြစ်။
>ပျိုမြစ်ခြင်းကို
နှစ်လိုခုံမင်ကာ
ဇရာကိုလုံးလုံး
အမုန်းကြီးမုန်းမိနေတဲ့အဖြစ်။
>တကယ့်တကယ် ဆန်းစစ်တဲ့အခါ……
မွေးနေ့မှာ
ခမ်းနားနေတာထက်
သေနေ့မှာ
ငြိမ်းအေးသာယာအောင်
ကျင့်ဆောင်ဖို့ရာ
အမှတ်ရမိတဲ့အခါ
ဟာ……
အချိန်တွေတောင်
တော်တော်လွန်နေပါရောလား ။ ။
No comments:
Post a Comment