ယောလူငယ်(Online) မန်းလေး အဖွဲ့ ခွဲ လစဉ် တွေ့ ဆုံပွဲ ကို ( ၂၁.၀၂.၂၀၁၆ ) ရက်နေ့  နေ့လည် ( ၂ ) နာရီ အချိန်တွင် မြတောင်ကျောင်းတိုက် ရတနာ့ရံသီ ယောကျောင်းတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည် ။
ယခု လ တွေ့ ဆုံပွဲ တွင် ( ၀၂.၀၃.၂၀၁၆ ) ရက်နေ့တွင် ယောအသင်း မန်းလေး အဖွဲ့ ကြီး မှ ကြီးမှူးကျင်းပမည် ဖြစ်သော စာအောင် သံဃာ ဆုပေးပွဲ တွင် ယောလူငယ် ( Online) မန်းလေး အဖွဲ့  မှ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး တိုင်ပင် ရန် အတွက် လည်းကောင်း
ယောဒေသအတွင်း ကျင်းပပြုလုပ်မည် ဖြစ်သော စာပေဟောပြောပွဲ အတွက် အလှူငွေ ကောက်ခံခြင်း နှင့် အလှူခံ ထွက်ရန် တိုင်ပင်ရန် အတွက် လည်းကောင်း
လစဉ် အသင်းဝင်ကြေး ကောက်ခံခြင်း နှင့် အဖွဲ့ ၏ မူလ ချမှတ်ထားသော ရည်ရွယ်ချက်များ တိုးတက်စေရန် နှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း ဆောင်ရွက်ချက်များ အား တိုင်ပင်ဆွေးနွေးရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျာ ။
ယောလူငယ် ပြန်ကြားရေး အဖွဲ့  ။
No comments:
Post a Comment