ချစ်စွာသော ယောမြေ
သင့်ခြေကို ကျွနူပ် နမ်းဖို့
သင့်မြေကို ကျွနူပ် လွမ်းလို့
ထမ်းစရာ တပုံတပင်နဲ့
သင့်ရဲ့ ရင်ခွင်ကို
ကျွနူပ် ဝင်လာပါပြီဗျ ။
အခွင့်အခါကြုံခိုက်
တွေ့ထိုက်သူတွေနဲ့
တွေ့ခွင့်ရချင်သလို
တွေ့ဖို့လိုသူတွေနဲ့လည်း
စွဲမြဲခိုင်မာ
ယောရပ်ရွာရေး
ဆွေးနွေးဖို့ရာ
ဆုံချင်သေးပါရဲ့ဗျာ ……
… နော။
No comments:
Post a Comment