
3-1-2016 ရက်နေ့ တွင် ယောလူငယ်(နေပြည်တော်) လစဉ်တွေ့ဆုံပွဲကို ဓာတုဇယစေတီ၊ မဟာမြတ်မုနိဘုရားတွင် ပန်းတော်များကပ်လှူ ပူဇော် ခဲ့ကြပြီး နောင်တွေ့ဆုံပွဲများကို ပုံမှန် နံနက် 10း00 နာရီအချိန်တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း၊ လစဉ်တွေ့ဆုံပွဲတွင်လည်း အဖွဲ့တိုးတက်ရာတိုးတက်ကြောင်း များ လူတိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ လစဉ်ကြေးများကိုလည်း ရန်ကုန်(ဗဟို)သို့ ပုံမှန် ပို့ပေးနိုင်ရေး အလေးထားရန်ဖြစ်ကြောင်းများ ပြောဆိုဆွေးနွေးကြပြီး လစဉ်ကြေးများ ကောက်ယူခြင်း၊ လူမစုံသော်လည်း နောက်တစ်ပတ် တွေ့ဆုံပွဲတွင် မပျက်မကွက် လာရောက်ကြမည်ဖြစ်ကြောင်း များ ပြောဆိုဆွေးနွေး၍ တွေ့ဆုံပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ယောလူငယ်(ကျောက်ထု)ဥက္ကဌမှ လူကြုံပါးထည့်ပေးလိုက်သော တင်းများကို
ပြန်ပေါင်း၍ ပူပူနွေးနွေးကို ကြက်သား စပ်သီးချက်လေး နှင့် တို့စား၍
စားကောင်းကောင်းဖြင့် ဗိုက်ကားအောင်စား၍ ပျော်ရွှင်စွာ လမ်းခွဲခဲ့ကြပါသည်။
မှတ်ချက်။ နောက်လ တွေ့ဆုံပွဲကို ပုံမှန် ဆယ်နာရီတွင် ပြုလုပ်မည်ဖြစ်သဖြင့် နေပြည်တော်ရှိ ယောသူယောသားများ အတတ်နိုင်ဆုံးလာရောက်ပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
ပြန်ကြားရေးအဖွဲ့ (ယောလူငယ်)
မှတ်ချက်။ နောက်လ တွေ့ဆုံပွဲကို ပုံမှန် ဆယ်နာရီတွင် ပြုလုပ်မည်ဖြစ်သဖြင့် နေပြည်တော်ရှိ ယောသူယောသားများ အတတ်နိုင်ဆုံးလာရောက်ပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
ပြန်ကြားရေးအဖွဲ့ (ယောလူငယ်)
No comments:
Post a Comment