Menu

Thursday, April 14, 2016

ယောလူငယ်အဖွဲ့(ရန်ကုန်) လစဉ်အစည်းအဝေး ကျင်းပပြီးစီးခြင်း

ယောလူငယ်အဖွဲ့ရန်ကုန်(ဗဟို)၏ လစဉ်အစည်းအဝေးကို ယနေ့ (၁၇.၁.၂၀၁၆)ခုနှစ် တနင်္ဂနွေနေ့တွင် ပုံမှန်ကျင်းပနေကြဖြစ်သော မြတ်စွယ်တော်ဘုရားဝင်းအတွင်းရှိ ယောနယ်အသင်း ဓမ္မာရုံတွင် ကျင်းပခဲ့ပါသည်။ ယခုလအစည်းအဝေးသည် ၂ဝ၁၆ခုနှစ်အတွင်း ကျင်းပသော ပထမအကြိမ်အစည်းအဝေးဖြစ်ပြီး အသင်းသား/သူ အသစ်အဟောင်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
ယနေ့အစည်းအဝေးကို အခမ်းအနားမှူးအဖြစ် အတွင်းရေးမှူး(၂) ကိုမြင့်ထွန်းမှ ဆောင်ရွက်ပေးခဲ့ပြီး အခမ်းနားအစီအစဉ်များအရ ဗဟိုဥက္ကဌဖြစ်သူ ကိုသိင်္ခမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံတွင် သီတင်းသုံးနေထိုင်တော်မူသော ယောဇာတိဖွား ဆရာတော် ဦးခေမာစာရမှ သြဝါဒစကားမိန့်ကြားခဲ့ပြီး မေတ္တာလက်ဆောင် စာအုပ်များအား တက်ရောက်လာသူ ယောလူငယ်များထံ ဝေငှခဲ့ပါသည်။ ထို့နောက် အတွင်းရေးမှူး(၁) ကိုစန်းအောင်မှ ယောလူငယ်အဖွဲ့၏ လတ်တလောဖြစ်ပေါ်သော ကိစ္စအဝဝနှင့် လုပ်ငန်းဆောင်တာများကို ရှင်းပြခဲ့ပါသည်။ ထို့နောက် ယောနယ်တစ်ခွင် စာပေဟောပြောပွဲများ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ယောလူငယ်အဖွဲ့၏ အားနည်းချက်များအား အကြံပြုဝေဖန်ပေးကြရန် ဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။ ယခင်လမှ စတင်၍ကောက်ခံသော ရေတွင်းရေကန်အတွက် အလှူငွေများအား ဝိုင်းဝန်းကောက်ခံသူ ယောလူငယ်ကိုယ်စားလှယ်များထံမှ အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှုးများက လက်ခံရယူခဲ့ပါသည်။ ထို့နောက် အမှတ်တရ ဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
အစည်းအဝေးတက်ရောက်လာသူများအား ယောမုန့်ဟင်းခါး၊ မုန်ညင်းပေါင်း၊မုန်ညင်းချဉ်၊ယောဒေသထွက် တောင်ယာပဲပြုတ်နှင့် ကောက်ညှင်းပေါင်းတို့ဖြင့် တည်ခင်းကျွေးမွေးခဲ့ပါသည်။
ယနေ့ လက်ခံရရှိသော အလှူငွေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁)မဇင်မာဦး မှကောက်ခံရရှိငွေ       - ၉၆၀၀၀
(၂)မခင်လေးနွယ် မှကောက်ခံရရှိငွေ - ၄၆၀၀၀
(၃)မခင်လေးကြူ- မှကောက်ခံရရှိငွေ-  ၈၀၀၀၀
(၄)မသီတာအောင် မှကောက်ခံရရှိငွေ- ၁၁၀၀၀၀
(၅)မရွှေဝိုင်း မှကောက်ခံရရှိငွေ       - ၁၁၇၀၀၀
(၆)မမင်းမင်းစမ်း မှကောက်ခံရရှိငွေ  - ၅၀၀၀၀
(၇)မအိအိလင်း မှကောက်ခံရရှိငွေ   - ၃၀၀၀၀
(၈)မဆုနွယ်မောင် မှကောက်ခံရရှိငွေ - ၁၂၄၀၀၀
(၉) ကိုမျိုးမြင့်အောင် -၃၀၀၀၀
                                                                  ယောလူငယ်(သတင်းနှင့်ပြန်ကြားရေး)
ယောလူငယ်အဖွဲ့'s photo. 

 'ယောလူငယ်အဖွဲ့(ရန်ကုန်) လစဉ်အစည်းအဝေး ကျင်းပပြီးစီးခြင်း
----------------------------------------------------

ယောလူငယ်အဖွဲ့ရန်ကုန်(ဗဟို)၏ လစဉ်အစည်းအဝေးကို ယနေ့ (၁၇.၁.၂၀၁၆)ခုနှစ် တနင်္ဂနွေနေ့တွင် ပုံမှန်ကျင်းပနေကြဖြစ်သော မြတ်စွယ်တော်ဘုရားဝင်းအတွင်းရှိ ယောနယ်အသင်း ဓမ္မာရုံတွင် ကျင်းပခဲ့ပါသည်။ ယခုလအစည်းအဝေးသည် ၂ဝ၁၆ခုနှစ်အတွင်း ကျင်းပသော ပထမအကြိမ်အစည်းအဝေးဖြစ်ပြီး အသင်းသား/သူ အသစ်အဟောင်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ 

ယနေ့အစည်းအဝေးကို အခမ်းအနားမှူးအဖြစ် အတွင်းရေးမှူး(၂) ကိုမြင့်ထွန်းမှ ဆောင်ရွက်ပေးခဲ့ပြီး အခမ်းနားအစီအစဉ်များအရ ဗဟိုဥက္ကဌဖြစ်သူ ကိုသိင်္ခမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံတွင် သီးတင်းသုံးနေထိုင်တော်မူသော ယောဇာတိဖွား ဆရာတော် ဦးခမာစာရမှ သြဝါဒစကားမိန့်ကြားခဲ့ပြီး မေတ္တာလက်ဆောင် စာအုပ်များအား တက်ရောက်လာသူ ယောလူငယ်များထံ ဝေငှခဲ့ပါသည်။ ထို့နောက် အတွင်းရေးမှူး(၁) ကိုစန်းအောင်မှ ယောလူငယ်အဖွဲ့၏ လတ်တလောဖြစ်ပေါ်သော ကိစ္စအဝဝနှင့် လုပ်ငန်းဆောင်တာများကို ရှင်းပြခဲ့ပါသည်။ ထို့နောက် ယောနယ်တစ်ခွင် စာပေဟောပြောပွဲများ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ယောလူငယ်အဖွဲ့၏ အားနည်းချက်များအား အကြံပြုဝေဖန်ပေးကြရန် ဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။ ယခင်လမှ စတင်၍ကောက်ခံသော ရေတွင်းရေကန်အတွက် အလှူငွေများအား ဝိုင်းဝန်းကောက်ခံသူ ယောလူငယ်ကိုယ်စားလှယ်များထံမှ အသင်းဥက္ကက လက်ခံရယူခဲ့ပါသည်။ ထို့နောက် အမှတ်တရ ဓာတ်ပုံများများ စုစည်းရိုက်ကူးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်လာသူများအား ယောမုန့်ဟင်းခါး၊ မုန်ညင်းပေါင်း၊မုန်ညင်းချဉ်၊ယောဒေသထွက် တောင်ယာပဲပြုတ်နှင့် ကောက်ညှင်းပေါင်းတို့ဖြင့် တည်ခင်းကျွေးမွေးခဲ့ပါသည်။

ယနေ့ လက်ခံရရှိသော အလှူငွေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁)မဇင်မာဦး     -   ၉၆၀၀၀
(၂)မခင်လေးနွယ်-  ၄၆၀၀၀
(၃)မခင်လေးကြူ-   ၈၀၀၀၀
(၄)မသီတာအောင်- ၁၁၀၀၀၀
(၅)မရွှေဝိုင်း       - ၁၁၇၀၀၀
(၆)မမင်းမင်းစမ်း - ၅၀၀၀၀
(၇)မအိအိလင်း - ၃၀၀၀၀
(၈)မဆုနွယ်မောင် - ၁၂၄၀၀၀
(၉) ကိုမျိုးမြင့်အောင် -၃၀၀၀၀

ယောလူငယ်(သတင်းနှင့်ပြန်ကြားရေး)'

 ယောလူငယ်အဖွဲ့'s photo.

 ယောလူငယ်အဖွဲ့'s photo.

No comments:

Post a Comment