Menu

Sunday, April 17, 2016

ယောလူငယ်အဖွဲ့ ရဲ့ လက်တစ်ဖက်စီ တွဲလို့ ကူကြခြင်း

၁၃.၂. ၂၀၁၆
(ရန်ကုန်)
အလုပ် ကိစ္စတစ်ခုအတွက် မန္တလေးမှ ရန်ကုန်သို့ လာရောက်ကြသော ဆောမြို့နယ် ကျင်းလိန်ရွာမှာ ညီမငယ် တစ်ဦးနဲ့ ပခုက္ကူမြို့မှ ညီမငယ်တစ်ဦးတို့ကို နားနေ တည်းခိုရန်အတွက် ယောလူငယ် အတွင်းရေးမှုး ကိုစန်းအောင်မိသားစုမှ ကူညီခဲ့ပါတယ်။ ဒီလိုပဲ မတင်ပြဖြစ်တဲ့ လစဉ်ပံ့ပိုးကူညီဖြစ်သော အကြောင်းအရာကွဲ အသေးစား အကူအညီတွေကိုလဲ မကြာခဏ ယောလူငယ်အဖွဲ့(ရန်ကုန်)မှ ကူညီလျှက် ရှိပါတယ်။ထပ်မံ၍လည်း အမှန်တကယ် အခက်ခဲ ဖြစ်သူ မည်သူမည်ဝါမဆို ယောလူငယ်ဖွဲ့ဝင် တစ်ဦးဦးရဲ့ အာမခံနှင့် နေထိုင်ရာ မြို့၊ကျေးရွာ အမည်တို့ကို ပြောပြပါက ကူညီနေမှာဖြစ်ကြောင်း အတွင်းရေးမှူး(၁ ) ကိုစန်းအောင်မှ ပြောပြပါတယ်။
နယ်မှတက်လာပြီး အသိအကျွမ်းတွေ ကူညီဖို့ အဆင်မပြေ ဖြစ်ရာမှာ ကြုံရတတ်တဲ့ အခက်ခဲတွေဟာ ယခု အဖွဲ့ကိုယ်စား ပြန်ကြားစာရေးသူ ကိုယ်တိုင်လဲ ကြုံနေရတဲ့အတွက် သိရှိပါတယ်။
ယောလူငယ်အဖွဲ့လေးဟာ ငွေကြေးတောင့်တင်းသော ကျောထောက်နောက်ခံ အဖွဲ့အစည်း၊လူပုဂ္ဂိုလ်တို့မရှိသေးပါပဲ တက်ကြွပြီး ပရဟိတစိတ်အခြေခံရှိတဲ့ အရွယ်စုံအင်အားကို အခြေခံပြီး ရပ်တည်နေတဲ့ ပရဟိတ လူမှု့အဖွဲ့အစည်းလေးမျှသာ ဖြစ်ပါတယ်။
ဒါကြောင့် လူမှု့အကျိုးပြုလုပ်ငန်းများအား ယောလူငယ်အဖွဲ့အနေဖြင့် ပိုမို တက်ကြွစွာ၊ထိရောက်စွာ၊ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ဖို့ လူအား တတ်နိုင်သူက လူအား ငွေအားတတ်နိုင်သူက ငွေအား ပံ့ပိုးပြီး ကျနော်တို့ အစုအဖွဲ့လေးကို ဦးဆောင် ပဲ့ကိုင်ပေးကြဖို့ အဖွဲ့သားများနှင့် နာယကများကိုယ်စား ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။
ယောလူငယ်ပြန်ကြားရေး

No comments:

Post a Comment