Menu

Sunday, April 17, 2016

* ည *


ကြယ်တွေကြွေကျမှ
ညရဲ့အလှက
ပြည့်ဝသတဲ့လား။
ထားလိုက်ပါလေ…
ည မပီသလည်း
နေပါစေပဲပေါ့။
ကြယ်ကြွေကျချိန်မှာ
ဆုတောင်းမှုပြုပါရင်
လိုအင်ဆန္ဒ
ပြည့်ဝသတဲ့လား။
ထားလိုက်ပါတော့လေ…
ကိုယ့်ဆုတောင်းပြည့်စေရုံနဲ့တော့
ကြယ်လေးတွေက
ကြွေ ကြေ ကျေ
မြေခ
ကြွေကျပေးနေရမှာ
မဖြစ်စေချင်ပါဘူး။
ဆုမတောင်းဖူးသူက
ဆုမပြည့်ဝတော့လည်း
ဘာအရေးလဲ …နော့။

(ကိုလွှမ်းမိုး နှင့် သူ၏ နောက်ဆုံးနေ့သို့)

No comments:

Post a Comment