ယောလူငယ်အဖွဲ့ {ဗဟို }၏ ယခုလတွေ့ဆုံပွဲအား
စွယ်တော်ဘုရားပရဝုဏ်အတွင်းရှိ ယောအသင်းဓမ္မာရုံတွင်
၂၇/၃ /၂၀၁၆ -နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုလတွေ့ဆုံပွဲတွင်-
အရေးကြီးသောအချက်အလက်များဖြစ်သည့်
-ဘဏ္ဍာရေးမူဝါဒများ ပြင်ဆင်ညှိနှိုင်းခြင်း
-ရန်ပုံငွေရှာဖွေရေးဆိုင်ရာဆွေးနွေးခြင်း
-စာပေဟောပြောပွဲနှင့် ရေစက်ချပွဲ အတွေ့အကြုံရှင်းလင်းခြင်း
-စာပေဟောပြောပွဲအခွေများ ဖြန့်ချိရေးညှိနှိုင်းခြင်း
နှင့် အခြားသော အရေးတကြီးအချက်အလက်များဆွေးနွေးခဲ့ကြပြီး -
Saving Account အဖြစ် ဖွင့်လှစ်ထားရှိမည့်ယောလူငယ်ပဒေသာပင် Founder များအဖြစ်-
1.ကိုထူး@ ကိုဝင်းဇော်ဦး 200,000/
2. ကိုစန်းအောင် 50,000/
3. ကိုမြင့်ထွန်း 50,000/
4. ကိုသိင်္ခ 50,000/
5. ဦးကျော်ကျော်ဟိန်း+ဒေါ်ချောစုသက်ထွေး
Family ကိုယ်ပိုင်အထက်တန်းကျောင်း- 50,000/
6. မသီတာအောင် 50,000/
7. ဉာဏ်ထက်ရှိုင်း 20,000/
8. မစုစုအေး 50,000/
9. မဇာဇာစန်း 50000/
10. ကိုယောမင်းစိုး 100,000/
11. ကိုနေလင်းအောင် S’pore 100,000/
12. ဒေါ်သက်သက်ခိုင် 30,000/
13. မကေသီခိုင် 30,000/
14. မအေးအေး 30,000/
15. ကိုမောင်မောင်အေး 10,000/
16. ကိုမိုးကျော် 30,000/
17.မမင်းမင်းစန်း 30,000/
18.ကိုအုန်းကျော်ခ +မအိအိလင်း 30000/ကျပ် စီအသီးသီးထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် မမင်းမင်းစန်းမှ- မုန့်လေပွေ/ ပေါက်ပေါက်ဆုပ် ခံတက်ချဉ် /ယောငါးချဉ်/ပဲခေါင်းပေါင်းပြုတ်သုတ်
မအေးအေးမှ -ပဲနူသီးချက် နှင့် အခြား……
ဦးထွန်းမှ ရှမ်းပြည်လက်ဆောင် ပဲလှော် /လ္ဘက်ခြောက်
တို့ဖြင့် တည်ခင်းကျွေးမွေးကာ ညနေ ( ၄)နာရီခန့်တွင် အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ ။
(ယခုလ လစဉ်ကြေးကောက်ခံရှိငွေမှာ( ၈၇၀၀၀) ကျပ်တိတိဖြစ်ပါသည်။)
ပြန်ကြားရေးအဖွဲ့ယောလူငယ်Online
No comments:
Post a Comment