" အလှူအဝင် "
တုတ်-တုတ်…… ဗြုန်း…
အလှူပွဲနိဂုံး
ပီတိတွေနဲ့ပြုံးမြမြ
အနှစ်နှစ်အလလက အိပ်မက်
ရေစက်ချဖြစ်တော့မယ်ဟေ့။
-သားမောင်ရင်သွေး
မွေးကတည်းက
`ပဗ္ဗဇိတ ဘာဝေါ
ဒုလ္လဘော´ ကို
အမြဲလိုတွေး
သားလှငယ်လေး
ရှင်ဖြစ်ရေးတွက်လေ။
>ကြိုးစားငွေရှာ
ရလာသမျှစု
မမှုနေပူ
မိုးဥတုလည်းမရှောင်
သားမောင်ရှင်ပြု
အိပ်မက်တခုနဲ့
စိုက်ဟဲ့ပျိုးဟဲ့
ပီတိနဲ့ပျော်ရွှင်
ဒီနွေတခွင်တော့
သပိတ်လွယ်ခွင့်ရတော့မယ်လေ။
ကဲ!
ရွာထဲက ကာလသားသမီး
အလှူပွဲကြီးအတွက်
မန်းကျည်းရွက်နူခူး
မယ်ဇလီဖူးရှာ
အချဉ်သိပ်ကာထား
ကာလသားတတွေ
ထန်းလက်တွေခုတ်ကာ
တောတကာတောင်တက်
မဏ္ဍပ်အတွက်တိုင်ရှာ
အလှူဒကာအတွက်
ကူစရာ ရှာနေကြ။
>သက်ရွယ်ပျိုမြတ်
မိန်းမလတ် မိန်းမကြီး
အလှူပွဲကြီးခင်းဖို့
မုန့်လေပွေကျင်း
အပျိုတသင်းခေါ်
မုန့်ဆီကြော်အတွက်
မုန့်ညက်မုန့်ထောင်း
တဖောင်းဖောင်းမြည်သံ
ပေါက်ပေါက်ဖောက်သံထင်ပါ့။
>ပေါက်ပေါက်ဆုပ်အတွက်
ထန်းလျက်ကျိုရနံ့
တရွာလုံးပျံ့နေချိန်
အလှူရှင်အိမ်မှာ
နေ့ပါညရော
သောသောညံညံ
ကူသံလူသံ
ဆူဆူညံကာ
ပျော်စရာအတိ
ပီတိ ပုဗ္ဗ
ဘဝဂ်ဆုံးမျှတိုင်
အလှူမတိုင်ခင်က
ရကြတဲ့ကုသိုလ်
တရွာလုံးလိုလိုပေါ့။
>ပဗ္ဗဇိတမင်္ဂလာ
ကျင်းပဖို့ရာတွက်
တစ်ယောက်တစ်ဖက်ကူကာ
ပျော်ရွှင်သာမော
တသောသောလေ
"ယော ဆိုတာဟာ
အဲ့ သလိုရယ်ပါဗျာ" နော့ ။
(မောင်ရှိုင်းမင်းထက် ပဗ္ဗဇိတအလှူပွဲအကြိုအတွက်)
Photo = Credit @ Up loader
ချစ်ခင်စွာဖြင့်
ယောသိင်္ခ
Photo = Credit @ Up loader
ချစ်ခင်စွာဖြင့်
ယောသိင်္ခ
No comments:
Post a Comment