*နိဒါန်း
Online မှ အချိတ်အဆက်များအား ရယူအားပြုကာ ယောအနွယ်များအချင်းချင်း ယောဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်များ၊ အခက်အခဲများကို မိမိတို့ တတ်စွမ်းနိုင်သည့်ဘက်မှ ကူညီပေးကြရန် တိုင်ပင်ဆွေးနွေးကြရာမှ စတင်ဖွဲစည်း ဖြစ်ခဲ့ခြင်းဖြစ်သည်။
*ရည်ရွယ်ချက်
နေရာအနှံအပြားတွင် ရောက်ရှိနေကြသော ယောသူယောသားများ၊ အသင်းအဖွဲ့များ စည်းလုံး ညီညွတ်စွာဖြင့် ယောဒေသအကျိုး ကိုယ်စီဆောင်ရွက် နေမှုများကို တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်စွာ ပေါင်းစည်း ဆောင်ရွက်နိုင်ကြစေရန် ဖြစ်ပါသည်။
*လုပ်ငန်းစဉ်
- မြို့နယ်အသီးသီး၊ နယ်ပယ် အသီးသီးတွင် နယ်မြေခံအဖွဲ့အစည်းများ ဖွဲ့စည်းကာ ကွန်ယက်များ ချိတ်ဆက် ဆောင်ရွက်နိုင်ကြရန်။
- ယောဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် နှင့် အခြားသော လူမှုရေးအခက်ခဲများ ကို ကူညီဖြေရှင်းကြရန်။
- ယောဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး အသိပညာများ မျှဝေဆောင်ရွက်နိုင်ကြရန်။
-မိရိုးဖလာ ရိုးရာယဉ်ကျေးမှု့(ယောစကား၊တောင်သားအရေး၊ရိုးရာ အိုးစည်ဓလေ့၊ဆီမီးကြာ ၀င်္ကပါ၊သနပ်ခါးပါးတို့ ဓလေ့၊ ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များ မပပျောက်ရေး) အမွေများကို ဖော်ထုတ်ပြီး ယောဒေသ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်....
* အခြေခံစည်းမျဉ်း နှင့် မူဝါဒရေးရာ
- ယောလူငယ်အဖွဲ့(Online)အဖွဲ့သည် ပါတီနိုင်ငံရေး လုံးဝကင်းရှင်းပါသည်။
-အဖွဲ့ဝင် အားလုံး တစ်စိတ်တစ်ဝမ်းတည်း ယောဒေသအကျိုး ရှေ့ရှုဆောင်ရွက်ကြမည်။
-အဖွဲ့ဝင် အချင်းချင်းစိတ်ဝမ်း ကွဲစေမည့် အပြောအဆို၊ အရေးအသား၊ အပြုအမူများကို လုံးဝ ရှောင်ကျဉ် ကြရမည်။
-အဖွဲ့ဝင် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဗဟိုအလုပ်အမှု့ဆောင် အဖွဲ့များ၏ ဦးဆောင်မှု့ အောက်တွင်သာ တည်ရှိနေရမည်။
* နယ်မြေခံအဖွဲ့ဝင်များသည် ယောဒေသတွင် ကူညီဆောင်ရွက်ရမည့် သတင်းအချက်အလက် များကိုရယူ၍ ဗဟိုသို့အချိန်နှင့်တစ်ပြေးညီ တင်ပြကြရမည်။
-အဖွဲ့အစည်းအတွင်း ပါတီနိုင်ငံရေးများအတွက် စည်းရုံးခြင်း၊ မဲဆွယ်ခြင်းများမပြုလုပ်ရ။
-အဖွဲ့အစည်းအတွင်း မိမိကိုယ်ကျိုးစီးပွားအတွက် ကြော်ညာခြင်း၊ စည်းရုံးခြင်းမပြုလုပ်ရ။
-အဖွဲ့အစည်းအတွင်း ဘာသာရေးကို အကြောင်းပြု၍ နာလည်မှုလွဲမှားစေနိုင်သော အပြုအမူ အပြောအဆိုများ မပြုလုပ်ရ။
* အသင်းဖွဲစည်းပုံ
- အသင်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
နာယက
ဥက္ကဌ
ဒုဥက္ကဌ
အတွင်းရေးမှုး(၁၊၂)
ဘဏ္ဍာရေးမှုး(အ၀င်၊အထွက်)
ပြန်ကြားရေး
စည်းကမ်းထိန်းသိမ်းရေး
မှတ်တမ်းရေးမှုး
အလုပ်အမှု့ဆောင်အဖွဲ့
စသည်တို့ကို လူအင်အားအလိုက် သတ်မှတ်ဖွဲ့စည်းပါသည်။
*အဖွဲ့၏ မူဝါဒ
-ယောဒေသ၏ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးရေး တည်ဆောက်မှု လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း
( ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယောဒေသနယ်နိမိတ်အတွင်းမှ လုပ်ငန်းများကိုသာ အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိရေးလုပ်ငန်းများကို အဖွဲ့မှ ဦးဆောင်၍ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည် )
*အဖွဲ့ဝင် အဖြစ်ပါဝင်ခွင့်
-သတ်မှတ်ထားသော အဖွဲ့ဝင်ကြေးပေး၍ ယောသူယောသား မည်သူမဆို အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိသည်။
-အကြောင်းအမျိုးမျိုးကြောင့်(၃)လ ထက်ကျော်လွန်၍ အဖွဲ့ဝင်ကြေးပေးရန် ပျက်ကွက်သူများကို အဖွဲ့ဝင်အဖြစ်မှ စဉ်းစားပေးမည်မဟုတ်ပါ။( မှတ်ချက် - လစဉ်ပုံမှန်ဝင်ငွေရှိသူများသာ)
-အဖွဲ့သို့ (၃) လနှင့်အထက် လစဉ်ကြေးပေသွင်းရန် ပျက်ကွက်ခဲ့သော အဖွဲ့ဝင်တစ်ဦးအနေဖြင့် အဖွဲ့သို့ ပြန်လည်ဝင်ရောက်လိုပါက အဖွဲ့သို့ပြန်လည် ဆက်သွယ်ရန် ပျက်ကွက်ခဲ့မှု့အတွက် လစဉ်ကြေး(၃) လစာကိုပေးသွင်း၍ ဝင်ရောက်ခွင့်ရှိသည်။
-လူဟောင်းများ ပြန်လည်ရောက်ရှိလာပါက လစဉ်ကြေး တစ်လ ကင်းလွတ်ခွင့် ရှိသည်။
-လူသစ်များ အနေဖြင့်ရောက်ရှိသည့်နေ့မှ (၃) လအထိ လစဉ်ကြေးကင်းလွတ်ခွင့်ရှိသည်။
*အဖွဲ့ဝင်များ ၏ အကျိုးခံစားခွင့်
-ပညာရေး ထောက်ပံ့ခြင်း
( ပညာသင်ကြားနေသော ကျောင်းသူ၊ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး တောင်းခံလာပါက အလုပ်အမှုဆောင်အဖွဲ့မှ သင့်လျော်သော ငွေကြေးပမာဏ တစ်ခုကို ကူညီပေးမည်)
-ထိခိုက်ဒဏ်ရာ ရရှိခြင်း
(အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ၊ ဆေးရုံသို့ ရက်ရှည် ကုသရသော ရောဂါနှင့် ခွဲစိတ်ရောဂါတို့ အတွက် ထောက်ပံ့ပေးရေးကိစ္စကို အလုပ်အမှုဆောင်အဖွဲ့မှ စီမံဆောင်ရွက် ပေးမည်။ လျှော်ကြေးရသင့်ပါက လျော်ကြေးငွေရရှိရေးကိစ္စကို အဖွဲ့မှ လိုက်လံဆောင်ရွက် ပေးမည်)
-အဖွဲ့ဝင် တစ်ဦးဦး အကြောင်းတစ်ခုခုကြောင့် ဆုံးပါးသွားပါက
( အသုဘ ကိစ္စကို သက်ဆိုင်ရာအဖွဲ့စည်း ဆွေမျိုးသားချင်းတို့နှင့် တိုင်ပင်ကာ ကူညီပေးမည်)
(အဖွဲ့မှ ငွေကျပ် (......) တိတိ ကိုဂရုဏာကြေးအဖြစ် မိသားစုကို ထောက်ပံ့ပေးမည်)
( ယောသူယောသားများထံမှ အကူငွေရရှိရေးကိုလည်း ကူညီဆောင်ရွက် ပေးမည်)
*အခြေခံစည်းမျဉ်းနှင့်မူဝါဒရေးရာ
(၁) ယောလူငယ်အဖွဲ့(Online)သည် ပါတီနိုင်ငံရေးလုံးဝကင်းရှင်းပါသည်။
(၂) အဖွဲ့ဝင်အားလုံးတစ်စိတ်တစ်ဝမ်းတည်းယောဒေသအကျိုးရှေ့ရှုဆောင်ရွက်ကြမည် ဖြစ်ပါသည်။
(၃) အဖွဲ့ဝင်အချင်းချင်း စိတ်ဝမ်းကွဲစေမည့် အပြောအဆို၊ အရေးအသား၊ အပြုအမူများကိုလုံးဝ ရှောင်ကျဉ်ကြရမည်။
(၄) အဖွဲ့ဝင်များအချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ဗဟိုအဖွဲ့၏ ဦးဆောင်မှုအောက်တွင်သာ တည်ရှိရမည်။
(၅) နယ်မြေခံအဖွဲ့ဝင်များသည် ယောဒေသတွင် ကူညီဆောင်ရွက်ရမည့် သတင်းအချက်အလက် များကိုရယူ၍ ဗဟိုသို့ အချိန်နှင့်တစ်ပြေးညီတင်ပြကြရမည်။
(၆) အဖွဲ့အစည်းအတွင်း ပါတီနိုင်ငံရေးများအတွက် စည်းရုံးခြင်း၊ မဲဆွယ်ခြင်းများမပြုလုပ်ရ။
(၇) အဖွဲ့အစည်းအတွင်း မိမိကိုယ်ကျိုး စီးပွားအတွက် စည်းရုံးခြင်းမပြုလုပ်ရ။
(၈) အဖွဲ့အစည်းအတွင်း ဘာသာရေးကို အကြောင်းပြု၍ နားလည်မှုလွဲမှားစေနိုင်သောအပြုအမူ အပြောအဆိုများမပြုလုပ်ရ။
ယောလူငယ်အဖွဲ့ (Online) ( သတင်းပြန်ကြားရေး)

No comments:
Post a Comment